Friday, August 26, 2016

" ပါမောက္ခချုပ် ဆရာတော် " " အရှင်နန္ဒမာလာဘိဝံသ " ၏ " ငယ်ဘဝ ပုံရိပ်လွှာ "


" ရှိတော်မူခဲ့သော ဘွဲ့ လက်မှတ်များ "



* ဆရာတော်သည်
၁၃၁၄ ခုနှစ် သက်တော်( ၁၃ ) နှစ်အရွယ်တွင်
အဘိဓမ္မာစာမေးပွဲ သုံးဆင့် စတင်အောင်မြင်
ခဲ့လေသည် ။
* ၁၃၁၅ ခုနှစ်တွင် အစိုးရ ပထမပြန်စာမေးပွဲ
သည် နယုန်လမှ တပေါင်းလသို့ လပြောင်းလဲ
သောအားဖြင့် တစ်နှစ်တည်း ( ၂ ) ကြိမ်ကျင်းပ
ခဲ့ရာ ထိုနှစ်၌ သက်တော် ( ၁၄ ) အရွယ်နှင့်ပင်
ပထမငယ် ပထမလတ် ( ၂ ) တန်းလုံးကို ထူး
ခြားစွာအောင်မြင်ခဲ့သည် ။
* ၁၃၁၆- ၁၉၅၅ ခုနှစ် သက်တော် ( ၁၅ ) နှစ်
အရွယ်တွင် အစိုးရ ပထမကြီးတန်းကို၎င်း
၁၃၁၇-၁၉၅၆ ခုနှစ် သက်တော် ( ၁၆ ) နှစ်
တွင် အစိုးရ ဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း
( ၂ ) ကျမ်းနှင့် အောင်မြင်ခဲ့သည် ။ ကျရှုံးမရှိ
အောင်မြင်ခဲ့ ၍
" သာသနဓဇသိရီပဝရဓမ္မာစရိယ " ဘွဲ့ကို ရှိခဲ့
သည် ။
* သက်တော် ( ၁၆ ) နှစ်အရွယ်နှင့်ပင်
" ဓမ္မာစရိယ ( ၃ ) ကျမ်း ဂုဏ်ထူး ( ၂ ) ကျမ်း
ကို တစ်နှစ်တည်း တစ်ကြိမ်တည်း အောင်မြင်ခဲ့
၍ "သာသနဓဇသိရီပဝရဓမ္မာစရိယ " ဘွဲ့ထူး
ကို ဆွတ်ခူးနိုင်ခြင်းသည် အံ့သြဘနန်း ထူးကဲ
သည့် အစွမ်းပါပေတည်း ။
* ၁၃၁၇ ခုနှစ်တွင် သာမဏေသကျသီဟ ပထမ
အဆင့်ကို၎င်း ………
၁၃၁၈ ခုနှစ်တွင် ဒုတိယ အဆင့်ကို၎င်း အဆင့်
( ၁ ) ချည်းဖြင့်သာ အောင်မြင်ခဲ့လေသည် ။
* ၁၃၂၀- ၁၉၅၈ ခုနှစ်တွင် စစ်ကိုင်းမြို့ မဟာသု
ဗောဓာရုံကျောင်းတိုက်ကြီးကို နောင်တော်ကြီး
များနှင့်အတူ တည်ထောင်ကာ ပဓာနစာချအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည် ။
* ကျောင်းတိုက်တည်စ ( ၁၃၂၀ ) ပြည့်နှစ်တွင်
သာမဏေသကျသီဟ တတိယဆင့်ကို အဆင့်
( ၁ ) ဖြင့်အောင်မြင်၍ သုံးဆင့်လုံးတွင် ပဋ္ဌမ
ဂုဏ်ထူးဖြင့် သာသနာလင်္ကာရ သာမဏေ
ကျော်ဘွဲ့ထူးကို ဆွတ်ခူးနိုင်ခဲ့သည် ။
* ၁၃၂၀-၁၉၆၀ ခုနှစ်တွင် ရှင်နန္ဒမာလာအဖြစ်မှ
နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘု
ရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့
ရောက်ရှိခဲ့လေသည် ။
* နောင်တော်ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ
သင်္ဂဟ ပိဋက အခြေခံကျမ်းစာများ ပထမပြန်
စာမေးပွဲဆိုင်ရာ ကျမ်းစာများ သင်ယူခဲ့ပြီး
ဇယမေဒနီ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တ
အဂ္ဃိယ ( ရွှေကျင် သာသနာပိုင် အဘိဓဇမဟာ
ရဋ္ဌဂုရု )ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများ
ကို သင်ယူခဲ့သည် ။
* စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၌
နောင်တော်ကြီးများထံ သကျသီဟ စေတိယင်္ဂ
ဏတန်းဆိုင်ရာ ကျန်းစာများကို သင်ယူခဲ့လေ
သည် ။
* ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋက
ပါဠိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ် ဆောင်
ရွက်နေစဉ် ချမ်းမြေ့ရိပ်သာ ဆရာတော် ဘဒ္ဒန္တ
ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကိုသင်
ယူခဲ့သည် ။
* ၁၃၂၁ ခုနှစ်တွင် ရန်ကုန်မြို့ စေတိယင်္ဂဏ စာ
သင်တန်းကိုအောင်မြင်၍ ဘိဝံသဘွဲ့ကို၎င်း
၁၃၂၅ ခုနှစ်တွင် စာချတန်းကိုအောင်မြင်၍
စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏဝါစကဘွဲ့
ကို၎င်း ရှိတော်မူခဲ့သည် ။
* ၁၃၂၅ ခုနှစ်တွင် အင်္ဂုတ္တရနိကာယပါဠိအဋ္ဌက
ထာကို အောင်မြင်တော်မူ၍ သာသနဓဇသိရီပဝ
ရဓမ္မာစရိယဘွဲ့ကို၎င်း ပါစိတျာဒိပါဠိအဋ္ဌကထာ
ကို အောင်မြင်တော်မူ၍ ဝိနယပါဠိပါရဂူဘွဲ့ကို
၎င်း ရှိတော်မူခဲ့သည် ။
* ၁၃၂၄ ခုနှစ်တွင် မန္တလေးသကျသီဟတန်းကို
၎င်း ၁၃၂၇ ခုနှစ်တွင် စာချတန်းကို၎င်း အောင်
မြင်တော်မူ၍ ပရိယတ္တိသာသနဟိတ
ဓမ္မာစရိယအဘိဝံသဘွဲ့ကို၎င်း ရှိခဲ့သည် ။
* ၁၃၂၈ ခုနှစ်တွင် သံယုတ္တနိကာယပါဠိအဋ္ဌက
ထာ နှင့် ၁၃၂၉ ခုနှစ်တွင် အဘိဓမ္မာ
ဝိဘင်္ဂါဒိပါဠိအဋ္ဌကထာ တို့ကို အောင်မြင်
တော်မူသဖြင့် သာသနဓဇသိရီပဝရ
ဓမ္မာစရိယဘွဲ့များ ထပ်မံရှိခဲ့သည် ။
* ၁၃၂၉ ခုနှစ် သက်တော် ( ၂၈ ) နှစ်၌
ဓမ္မာစရိယ ကျမ်းရင်း ( ၃ ) ကျမ်း
ဂုဏ်ထူး ( ၆ ) ကျမ်း လုံးကိုအောင်မြင်တော်မူ
သဖြင့် အစိုးရ ဓမ္မာစရိယဘွဲ့ ( ၆ )ဘွဲ့
ဝိနယပါဠိပါရဂူဘွဲ့ တို့ကို၎င်း
သကျသီဟ စာသင်တန်း စာချတန်းတို့ကို
အောင်မြင်တော်မူသဖြင့် ပရိယတ္တိသာသန
ဟိတဓမ္မာစရိယဘွဲ့ကို၎င်း စေတိယင်္ဂဏ စာ
သင်တန်း စာချတန်းတို့ကို အောင်မြင်တော်မူသ
ဖြင့် စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယဘွဲ့ကို၎င်း
ဆွတ်ခူးရှိတော်မူခဲ့သဖြင့် သ.စ.အ ဓမ္မာစရိယ
ပါဠိပါရဂူဟူ၍ သာသနာတော်၌ အောင်လံတံ
ခွန်ထူနိုင်ခဲ့သည် ။









No comments:

Post a Comment