Saturday, August 6, 2016

ကန့်သတ်ချက်မှအပ တရားရုံးများသို့ ပြည်သူများဝင်ရောက်နားထောင်မှုတားဆီးလျှင် စုံစမ်းအရေးယူမည်ဟု ဆို

တရားရုံးများတွင် တရားစီရင်ရာ၌ စိတ်ဝင်စားသော ပြည်သူများဝင်ရောက်နားထောင် သောအခါ တားဆီးမှုများ ရှိနေ ကြောင်း တိုင်ကြားလာပါက လို အပ်သော စုံစမ်းမှုများပြုလုပ်ကာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောသည်။
သြဂုတ် ၃ ရက် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် တရားရုံးများ တရား စီရင်ရာ၌ စိတ်ဝင်စားသော ပြည် သူများဝင်ရောက်နားထောင်ရာ တွင် တားဆီးသူများအား အရေး ယူရန်ရှိ၊ မရှိ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်လွင်၏ မေးမြန်းမှုအ ပေါ် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးက ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
‘‘မြန်မာနိုင်ငံက တရားရုံး တွေမှာ ပြည်သူတွေက စိတ်ဝင်စားလို့ သွားရောက်နားထောင်တဲ့အခါ အတားအဆီးတွေရှိနေတယ်လို့ ကျွန်တော်သိထားပါတယ်။ ဒါ ကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးယူရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းလိုပါတယ်’’ဟု ဒီချုပ်အမတ် ဦးမြင့်လွင်က မေးမြန်းခဲ့သည်။

၂၀၁၀ ပြည်ထောင်စုတရား စီရင်ရေးဥပဒေတွင် တရားစီရင် ရေးဆိုင်ရာမူတစ်ရပ်ရှိကြောင်း၊ အဆိုပါ တရားစီရင်ရေးမူတွင် ဥပဒေအရ ကန့်သတ်ချက်များမှ အပ ပြည်သူ့ရှေ့မှောက်တွင်တရားစီရင်ရေးဆိုသည့် မူပါရှိ ကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးက ဖြေကြားခဲ့သည်။
ဥပဒေအရ ကန့်သတ်ချက် များဆိုသည့် အချက်တွင် ကလေး သူငယ်ဥပဒေ၊ လူကုန်ကူးမှုတား ဆီးရေးဥပဒေ၊ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၅၂ နှင့် တရားရုံးများလက်စွဲအပိုဒ် ၄၈ တို့တွင် ဖော်ပြ ထားကြောင်း ဦးစိုးညွန့်က ပြော သည်။
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ် မ ၃၅၂ တွင်  ရာဇ၀တ်တရားသူကြီးသည် မိမိသင့်သည်ဟု ထင်ပါက ထူးခြားသော အမှုတစ်စုံတစ်ရာ ကို စုံစမ်းစစ်ဆေးခြင်း (သို့မဟုတ်) စီရင်ခြင်းပြုနေဆဲ မည်သည့်အ ချိန်၊ အခြေအနေတွင်မဆို တရားရုံး က အသုံးပြုသည့် အခန်း (သို့မ ဟုတ်) အဆောက်အအုံအတွင်းသို့ ၀င်ထွက်သွားလာခြင်း (သို့မဟုတ်) ရှိနေခြင်းမပြုလုပ်ရန် အမိန့်ချမှတ်ခြင်း ပြုလုပ်နိုင်ကြောင်း ဦးစိုးညွန့်က ဆက်လက်ပြောကြားသည်။
‘‘ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ် မ ၃၅၂ မှာပါသော ထူးခြားတဲ့ အမှုတစ်စုံတစ်ရာဆိုတာကတော့ ကျူးလွန်ခံရတဲ့သူရဲ့ ဂုဏ်သိက္ခာ အတွက် အများပြည်သူများနား ထောင်ရန် မသင့်တဲ့ မုဒိမ်းမှု၊ ဖြားယောင်းသွေးဆောင်ပြီးတော့ ကာ မဖျက်ဆီးမှု၊ ရက်စက်ယုတ်မာတဲ့ အသက်မပြည့်သေးတဲ့ ကလေး သူငယ်များအပေါ်မှာ ကျူးလွန်တဲ့ အဓမ္မမှုများကို ဆိုလိုခြင်း ဖြစ်ပါ တယ်’’ဟု ဦးစိုးညွန့်က ပြောသည်။ယင်းကိစ္စများနှင့် ပတ်သက် ပြီး မုဒိမ်းမှုများနှင့် ကာမသောင်း ကျန်းမှုများကို စစ်ဆေးသည့်အခါ မောင်နှင့် နှမ၊ သားနှင့် အမိ မကြားဝံ့မနာသာ မဖြစ်စေရန်၊ တရားဖြောင့်မတ်မှန်ကန်မှုရှိစေ ရေးအတွက် အဆိုပါပုဒ်မများကို ရာဇ၀တ်ဥပဒေပုဒ်မ ၃၅၂ ၏ ချွင်းချက်အရ ရုံးခန်းအတွင်းတွင် အမှုနှင့် သက်ဆိုင်သူများမှအပ တခြားသူများဝင်ရောက်ခြင်းမပြုသင့်လို့ ယူဆပါက ၀င်ရောက်ခွင့်မပြုဘဲ အဆိုပါအမှုများကို တံခါးပိတ်ပြီး တော့ စစ်ဆေးရန် တရားရုံးညွှန် ကြားလွှာအမှတ် ၂၀/၅၇ အရ ညွှန်ကြားထားကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
ထို့အပြင် တရားရုံးများလက် စွဲအပိုဒ် ၄၈ တွင် ရာဇ၀တ်ကျင့် ထုံးဥပဒေ ၃၅၂ အရ စက်ရှင် တရားသူကြီး (သို့မဟုတ်) ရာဇ၀တ် သူကြီးတစ်ဦးက အမှုတစ်စုံတစ် ရာကို စုံစမ်းစစ်ဆေးနေဆဲ အ တောအတွင်း (သို့မဟုတ်) စီရင်နေဆဲအတွင်းတွင် ပြည်သူတစ်ရပ်လုံးကိုဖြစ်စေ လူတစ်ဦးတစ် ယောက်ကိုဖြစ်စေ မိမိတရားရုံးအ ဖြစ် အသုံးပြုတဲ့ အခန်းအတွင်းမှာသော်လည်းကောင်း၊ အဆောက် အအုံအတွင်းမှသော်လည်း ကောင်း၊ မိမိရဲ့ သဘောအတိုင်းထုတ်ပယ် ခွင့်အာဏာရှိသည်။ တရားရုံးအ တွင်း ငြိမ်ဝပ်မှုကို ထိန်းသိမ်းရန် နှင့် နှောင့်ယှက်မှုများကို တားဆီး ရန် လိုအပ်သည့် စီမံမှုများဆောင်ရွက်ရန် ထိုတရားသူကြီး၌ အခွင့်အာဏာရှိသည်ဟု ပြဋ္ဌာန်းထား ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

No comments:

Post a Comment