ပဲခူးတိုင်းဒေသကြီး ပန်း တောင်းမြို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေသည့် ကြခတ်ရပ်ကွက် သိပ္ပံလမ်း၌ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကြခတ်ရပ်ကွက်တွင် သြ ဂုတ် ၄ ရက် ညနေ ၄ နာရီခန့်က အသက်(၄၆)နှစ်အရွယ် အမျိုးသားသည် နေအိမ်အောက်ထပ် တွင် ရေဝင်နစ်မြုပ်လာ၍ လျှပ်စစ်မီးခလုတ်ခုံကို သွားရောက်ဖြုတ်ယူစဉ် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သေဆုံးသူအမျိုးသားနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
‘‘အိမ်အောက်ထပ်မှာ ရေ မြုပ်လာတော့ မီးခလုတ်ခုံတွေ ရေမြုပ်မှာ စိုးရိမ်ပြီး ပြောင်းရွှေ့ဖို့ အပေါ်ထပ်ကနေ ဆင်းဖြုတ် တယ်။ အိမ်အောက်ထပ်မှာ လျှပ် စစ်မိန်းခလုတ်ရှိတာကြောင့် သေ ဆုံးသူရဲ့ဇနီးက အိမ်အပေါ်ထပ် ကနေ မိန်းခလုတ်ကို ချဖို့ သတိ ပေးပေမယ့် သတိမထားဘဲ လုပ် လိုက်တာလို့ သိရတယ်’’ဟု ၎င်း က ပြောသည်။
ဓာတ်လိုက်သေဆုံးသူ၏နေ အိမ်ဝန်းကျင်တွင် မြေပြင်မှ ငါးပေခန့်အထိ ရေနစ်မြုပ်နေ၍ သွား ရောက်ကယ်ဆယ်ရာတွင် အချိန်အနည်းငယ်ကြာမြင့်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
‘‘ဖုန်းဆိုပြီး အသံကြားတယ်။ အော်ဟစ်အကူအညီတောင်းသံ ကြောင့် အိမ်နီးနားချင်းတွေ သွား တဲ့အခါ ရင်ခေါင်းလောက်ရေကို ဖြတ်ကူးရတယ်။ မီးခလုတ်ခုံကို ကိုင်လျက်သား ဓာတ်လိုက်နေတာ။ ငါးမိနစ်လောက်တော့ ကြာမယ်လို့ထင်တယ်။ ဓာတ်လိုက်နေပေမယ့် မီးက ပြတ်မသွားဘူး။ မိန်းခလုတ်ကို ချလိုက်တဲ့ အချိန်မှ လူက အောက်ကို ပြုတ်ကျသွား တယ်။ အခင်းဖြစ်ပွားရာကနေ လူနာတင်ကားပေါ် သယ်ယူရာ မှာလည်း ရေကြီးနေတော့ အချိန် အနည်းငယ်ကြာတာတော့ ရှိ တယ်။ ဆေးရုံကို အမြန်ပို့ကြပေ မယ့် အသက်မမီတော့ဘူး’’ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ က ပြောသည်။
ပန်းတောင်းမြို့နယ်တွင် ပြီး ခဲ့သည့် ဇူလိုင် ၂၈ ရက်မှစတင် ကာ တစ်မြို့နယ်လုံးနီးပါး ရေနစ် မြုပ်နေပြီး သြဂုတ် ၄ ရက်အထိ အိမ်ထောင်စုရှစ်ရာခန့်မှ လူဦးရေ သုံးထောင်ခန့်မှာ ကုန်းမြင့်တည် ရှိရာ ပန်းတောင်း-ပြည်လမ်းမ ပေါ်တွင် ရေဘေးရှောင်နေရ သည်။
မြို့ပေါ်ရပ်ကွက်အချို့တွင် မီးဖြတ်ထားသော်လည်း အဆိုပါ ရပ်ကွက်တွင် မီးပေးထားသည်။
‘‘အရင်နှစ်ကလည်း ရေကြီး လာလို့ လျှပ်စစ်မီတာတွေဖြုတ်ရာ ကနေ အမျိုးသားတစ်ဦးဓာတ် လိုက်သေဆုံးခဲ့တယ်။ အခုလည်း မိန်းမချဘဲ ဖြုတ်ရာကနေ ဓာတ်လိုက်သေဆုံးပြန်တယ်’’ဟု ပန်းတောင်းမြို့မှ ဦးကျော်စွာမိုးက ပြောသည်။
No comments:
Post a Comment