Saturday, August 6, 2016

ရန်ကုန်ရှိ ရပ်ကွက်အချို့တွင် လုံခြုံရေးကင်းများထားရှိ၍ စောင့်ကြည့်မှုများပြုလုပ်

စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခေတ္တာလမ်းတွင် တွေ့ရသည့် လုံခြုံရေးရဲကင်းတစ်ခု (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) )

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်များတွင်လုံခြုံ ရေးကင်းအဖွဲ့များ ဖွဲ့စည်းစေပြီး ညအချိန်၌ စောင့်ကြည့်မှုများ ပြုလုပ်နေရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ရပ်ကွက်များ အလိုက် လုံခြုံရေးကင်းအဖွဲ့များ ကို ဖွဲ့စည်းစေ၍ ဒုစရိုက်မှု မဖြစ်ပေါ်စေရန်နှင့် ရပ်ရွာအတွင်း  လူစိမ်းများ ၀င်ရောက်မှုအခြေအနေများကို စောင့်ကြည့်နေရသည်ဟု ၎င်းတို့က ပြောသည်။

‘‘ခြောက်လပိုင်းလောက်က စီမံချက်လေးမြို့နယ်မှာပဲအခုလို စောင့်ကြည့်မှုတွေလုပ်ရတယ် ကြားတယ်။ အခုနောက်ပိုင်းမှာ တော့ တခြားမြို့နယ်တွေမှာပါအ ခုလိုစောင့်ကြည့်မှုတွေလုပ်ဖို့ညွှန် ကြားလာတယ်’’ဟု စမ်းချောင်းမြို့ နယ် ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်က ပြောသည်။

ယင်းစီမံချက်ကြောင့်ယခု ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်လုံခြုံရေးအဖွဲ့များ က ရပ်ရွာအတွင်း ကင်းလှည့်မှုများကို ပို၍မြင်တွေ့လာရသည်ဟုမင်္ဂလာဒုံမြို့နယ် ၃(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဦးစိန်ဝင်းကဆိုသည်။

ထိုသို့ လုံခြုံရေးကင်းအဖွဲ့ များထားရှိစောင့်ကြည့်မှုကို ဇူလိုင် လကတည်းက ရပ်ကွက်အချို့ တွင် စတင်ပြုလုပ်ခဲ့ကြောင်း စုံ စမ်းသိရှိရသည်။

‘‘တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ လုံခြုံရေးစီမံချက်ကြောင့်လုပ် ကြတာပါ။ ရေရှည်စီမံချက်တော့ မဟုတ်ဘူး။ မြို့နယ်တစ်ခုကိုတစ် လ၊ နှစ်လလောက်စီ ထားရှိစေ တာဖြစ်ပါတယ်’’ဟု မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦး က ပြောသည်။

ရပ်ကွက်အတွင်းအချက်အ ချာကျသည့်နေရာများ၊ လူစည် ကားရာနေရာများနှင့် ဒုစရိုက်မှု ဖြစ်ပွားလေ့ရှိသည့်နေရာများတွင် ကင်းများချ၍ စောင့်ကြည့်မှုများ ပြုလုပ်စေပြီး တစ်စုံတစ်ရာထူးခြားမှုဖြစ်ပေါ်ပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားနိုင်ရန်ချိတ်ဆက်မှုများပြုလုပ်ထားကြောင်း သတင်းရရှိသည်။

‘‘လုံခြုံရေးကင်းဆိုပေမယ့် အဟန့်သဘောပါပဲ။ ပြဿနာ တစ်ခုခုဖြစ်တာမြင်ရင် ရဲတပ်ဖွဲ့ ကိုအကြောင်းကြားနိုင်အောင်ဖုန်း နံပါတ်တွေပေးထားတယ်။ ရပ် ရွာထဲက သူတွေနဲ့ပဲ ကင်းအဖွဲ့ ကို ဖွဲ့ရတာ။ တစ်ရပ်ကွက်ဘယ် နှဖွဲ့ဖွဲ့ရမယ်လို့တော့ ပုံသေမရှိ ဘူး။ အတင်းအကျပ်ခိုင်းတာမျိုး မရှိဘူး။ ကိုယ့်ရပ်ရွာလုံခြုံရေးအ တွက်တော့ အခုလိုဖွဲ့ပြီးလုပ်ရ တာကောင်းပါတယ်။ အဲဒီအဖွဲ့ အတွက် ကုန်ကျစရိတ်ကရှိတော့ ကျွန်တော်တို့ကတော့ လောလောဆယ်အိတ်စိုက်လုပ်နေကြရတယ်’’ဟု ဦးအောင်မြင့်ကပြောသည်။

ထိုသို့လုံခြုံရေးကင်းအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ကုန်ကျသည့်စရိတ်ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စိုက်ထုတ်ပေးသည် ဆိုသော်လည်း ရပ်ကွက်အချို့တွင် မရရှိသေးသဖြင့် အုပ်ချုပ်ရေးမှူး အချို့ဝေဖန်လာကြသည်ဟု ၎င်းတို့က ပြောသည်။

လုံခြုံရေးကင်းအဖွဲ့ထားရှိ ခြင်းကြောင့် ယင်းအဖွဲ့တွင်ပါဝင်  သူများအတွက် ကုန်ကျသည့်အ သုံးစရိတ်မှာ တစ်ညလျှင်ကျပ် တစ်သောင်းနှင့်အထက်ရှိပြီး ရပ် ကွက်အတွင်း၌လည်း အလှူခံခွင့် မရှိ၍အုပ်ချုပ်ရေးမှူးများက စိုက်ထုတ်ကြရသည်ဟု ဦးအောင်မြင့်ကဆိုသည်။

အဆိုပါကင်းအဖွဲ့များဖွဲ့ စည်းထားရှိနိုင်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မြို့နယ် တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ရာချပေးထားကြောင်းသတင်းများ ထွက်ပေါ်နေပြီး လက်ရှိအချိန်အထိ အဆိုပါထောက်ပံ့ငွေများမရှိသေးကြောင်းရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။

No comments: