Saturday, August 6, 2016

လေဖိအားနည်းရပ်ဝန်းပျက်ပြယ်


ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် ပျက်ပြယ်သွားပြီဖြစ်သော်လည်း မုတ်သုံလေ အားကောင်းနေဆဲ ဖြစ်သောကြောင့် ဒေသရှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင်သေး ကြောင်း မိုးဇလဌာနက သတိပေး သည်။

 ဘင်္ဂလားပင်လယ်အော် တွင် သြဂုတ် ၃ ရက်က ဖြစ်ပေါ်ခဲ့ သော လေဖိအားနည်းရပ်ဝန်း သည် သြဂုတ် ၅ ရက်နံနက်၌ အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ ဝင် ရောက်ခဲ့သော်လည်း မုတ်သုံလေ ဆက်လက် အားကောင်းနေ ကြောင်း၊ ထို့ကြောင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း မိုးဇလဌာန ဒုညွှန်ချုပ် ဦးကျော်မိုးဦးက ပြောသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်း ရိုးတန်းနှင့် ပင်လယ်ပြင်တွင် လည်း မုတ်သုံလေအားကောင်း သည့်အရှိန်ကြောင့် တစ်နာရီလေ တိုက်နှုန်း မိုင် ၄၀ ခန့်အထိ တိုက် ခတ်နိုင်ကြောင်း သတိပေးသည်။

သြဂုတ် ၅ ရက် အခြေအနေ အရ လတ်တလော ရေဘေးရင် ဆိုင်နေရသည့် မကွေးတိုင်း၊ စစ် ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသ ကြီးရှိ မြို့နယ်အများစုတွင် ဧရာ ဝတီမြစ်ရေအနည်းငယ် ပြန်လည် ကျဆင်းနေကာ နောက်ရက်များ ၌ ဆက်လက်ကျဆင်းနိုင်ကြောင်း ဦးကျော်မိုးဦးက ပြောသည်။

အထက်ဘက်မှ မြစ်ရေကျ ဆင်းလာသောကြောင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ရေဘေး ဆက်လက်သတိပြုရန် ၎င်းက သတိပေးသည်။

No comments: