ပန်းဘဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ဗလီများတွင် ခွင့်ပြုချက်မရှိဘဲ ဟော ပြောပွဲများ ပြုလုပ်ခဲ့သော ပါကစ္စတန် နိုင်ငံသား သားအဖ နှစ်ဦးကို ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက ဗီဇာ စည်းကမ်းဖောက်ဖျက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ အရေးယူခံရသူနှစ်ဦးမှာ အသက် ၆၃ နှစ်အရွယ် AHMAD ZULFIQAR နှင့် ၎င်း၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် AHMAD SAIFULLAH တို့ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် ပန်းဘဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ ဗလီများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့သောကြောင့် အမှုဖွင့် အရေးယူခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment