(၁) စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်မှု အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ သည် ဖောင်းပြင်မြို့ တွင် (၂)ပေခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော် လွန်နေပြီး နောက်(၂)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေ သည် မော်လိုက်မြို့ တွင် (၄)ပေခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
(၂) စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တက်နိုင်မှု အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ကလေးဝ မြို့၊ မင်းကင်းမြို့ နှင့်ကနီမြို့တို့တွင် (၂)ပေခန့်စီ်၊ မုံရွာမြို့တွင် (၂)လက်မခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ကလေးဝမြို့၊ မင်းကင်းမြို့နှင့် ကနီမြို့ တို့ တွင် (၁)ပေခန့်စ်ီနှင့် မုံရွာမြို့တွင် ပေ၀က်ခန့် ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
Ref : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
MOI
No comments:
Post a Comment