မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ရှိ နိုင်ငံတော်ပိုင် ဓာတ်မြေသြဇာစက်ရုံမှ အလုပ်သမားအချို့သည် တရားဝင်သတ်မှတ်ထားသော တနေ့လုပ်အားခရရှိရန် မကွေးတိုင်းအလုပ်သမားရုံးကို တင်ပြခဲ့သကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထံသို့လည်း တင်ပြထားကြောင်း သိရသည်။
‘’ကျွန်တော်ဆီအလုပ်သမားအခွင့်အရေးအရ အနည်းဆုံးလစာရရှိဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေက တင်ပြထားတာတော့ရှိပါတယ် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဖက်မှာလည်း ရှိနေပါတယ် အခုတော့ သေချာစုံစမ်းပြီး လွှတ်တော်ကို တင်ပြသွားပေးဖို့တော့ ရှိတယ်။ သူတို့တွေက ပုတ်ပြတ်ပေးထားတယ်ဆိုရင် ငါးယောက်နဲ့ လုပ်ရမှာကို ၁၀ယောက်နဲ့လုပ်လို့ လုပ်အားခတစ်နေ့၁၁၀၀လောက်ပဲ ရနေတာလည်း ဖြစ်နိုင်ပါတယ် ‘’ဟု ချောက်မြို့နယ် အမှတ်၂မဲဆန္ဒနယ်မှ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးစိုးဝင်းက ဇူလိုင် ၁ ရက်နေ့က News Watch သို့ ပြောသည်။
အဆိုပါ အလုပ်သမား အခွင့်အရေးကိစ္စကို တိုင်းဒေသကြီး အလုပ်သမားအခွင့်အရေးဆိုင်ရာဌာနတခုသို့ တင်ပြထားသော်လည်း ယင်းအမှုမှာ အစိုးရပိုင်စက်ရုံဖြစ်နေသည့်အပြင် ပုတ်ပြတ်အလုပ်ဖြစ်နိုင်သောကြောင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ဌာနများနှင့် တိုက်ရိုက်ပတ်သတ်ခြင်းမရှိကြောင်း အလုပ်သမားစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
စောကျော်ဝင်း
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment