မန္တလေးတိုင်းဒေသကြီးအတွင်း ဒုစရိုက်မှု ကျူးလွန်နေကြသော အဖွဲ့အစည်းများကို စစ်ဆေးအရေးယူနိုင်ရန် အချက် ၁၀ ချက်ဖြင့် တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက် နေထိုင်နေကြသော ပြည်သူများနှင့် ဆိပ်ကမ်းတွင် ယာယီနေထိုင်ကြသူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ကြရန် ထိုသို့ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယနေ့ (ဇူလိုင်လ ၁ ရက်) ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဓာတ်ပုံ - မြတ် (ကလေး)
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment