မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 11, 2016
တနင်္သာမြို့ မှာ မှန်လုံကားနဲ့ တိုက်မိတဲ့ ဒဏ်ရာကြောင့် ဆိုင်ကယ်မောင်းနှင်သူ မိန်းကလေး သေဆုံး
၉.၇.၂၀၁၆ ရက် ညနေ့ (၃း၂၀)နာရီအချိန်က တနင်္သာရီမြို့ မှ မြိတ်မြို့သို့ ထွက်ခွာလာသည် ငွေဖြိုးခိုင်ကားအသင်းမှ ခရီးသည် (၁၂)ယောက်စီး မှန်လုံကား ယာဉ်အမှတ် (TNI 5I- 4882) အဖြူရောင် ယာဉ်မောင်း ကိုအောင်ပြည့်စိုး (ဘ) ဦးမောင်မောင်ဦး တလိုင်းစုရပ်ကွက်၊ မြိတ်မြို့နေသူမှ မောင်းနှင်လာစဉ် ဆိုင်ကယ်နှင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ မှန်လုံကားသည် တနင်္သာရီမြို့  ဇဝဲကျေးရွာ ဇဝဲလမ်းဆုံအနီးလမ်းကွေ့တွင် အရှိန်မထိန်းနိင်ဘဲ့ တစ်ဘက်ယာဉ်ကြောမှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် မကြူကြူမွှေး (ခ) လင်းနာ (၁၈)နစ် ရင်ကန်းချောင်းကျေးရွာ၊ တနင်္သာရီမြို့ နေသူ၏ ဆိုင်ကယ်အား ဝင်ရောက် တိုက်မိခြင်း ဖြစ်သည်။
ဆိုင်ကယ်စီးနင်းလာသူ မကြူကြူမွှေး မှာ ဦးခေါင်းနှင့် အတွင်းဒဏ်ရာများ ရရှိသဖြင့် မြိတ်ပြည်သူဆေးရုံးသို့ အရေးပေါ်တင့်ပိုလိုက်ရပြီ ခရီးသည် မှန်လုံကားပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရှိခြင်း မရှိကြောင်း သိရှိရပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မြိတ်ပြည်သူဆေးရုံးတွင် အတွင်းလူနာဖြင့် ဆေးဝါကုသနေသည် မကြူကြူမွှေး (ခ) လင်းနာ (၁၈)နစ် ရင်းကန်းချောင်းကျေးရွာ၊ တနင်္သာရီမြို့နေသူသည် (၁၀.၇.၂၀၁၆)ရက် ညနေ့ (၅း၀၀)နာရီအချိန်တွင် ကွယ်လွန်သွားသဖြင့် တနင်္သာရီမြို့  မြို့မရဲစခန်းမှ မသေဆုံးခင် အမှုဖွင့်ထားသည့် ပုဒ်မ(၃၃၈)ကနေ ပုဒ်မ(၃၀၄-က) ယာ(ပ) ၇၇/၂၀၁၆ ဖြင့် ပြန်လည်ပြင်ဆင်၍ အမှုဖွင့် အရေးယူထားကြောင်း MingalarBar Myeik သတင်းအရ သိရှိရပါသည်။
No comments:
Post a Comment