"
ကလေးမြို့၊ ရာဇဂြိုလ်ဆည်အထက်တွင် တည်ဆောက်နေသော နုန်းတားဆည်တစ်ခု တောင်ကျရေ အရှိန်ကြောင့် ကျိုးကျကာ ဆည်တည်ဆောက်ရေးသုံး ယာဉ် ၃ စီး ရေထဲနစ်မြုပ်သွားကြောင်း သတင်းရရှိသည်။
ယနေ့(ဇူလိုင် ၃ ရက်) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းကာ ရာဇဂြိုလ်ဆည်အထက် ၆ မိုင်ခန့်အကွာတွင် တည်ဆောက်နေသော နုန်းတားဆည်တစ်ခု ကျိုးကျသွားခြင်းဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
ဆည်တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာမှူး ဦးမော်မော်နိုင်က နုန်းတားဆည် ရေမြုပ်သွားခြင်း ဖြစ်ပြီး တည်ဆာက်ရေးသုံးယာဉ် ၃ စီးပါ နစ်မြုပ်သွားကြောင်း ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး ရာဇဂြိုလ်ဆည် ရေအမှတ် မြင့်တက်နေချိန် သတင်းမျိုးစုံထွက်ပေါ်နေပြီး လိုအပ်သော သတင်းထုတ်ပြန်မှုကို ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ထုတ် ပြန်ပေးစေလိုကြောင်း ကလေးလွင်ပြင်အဖွဲ့မှ ကိုသန့်ဇင်လင်းက ပြောသည်။
ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ဆည်ရေအနည်းငယ်သာမြင့်တက်နေပြီး ရေ လမ်းကြောင်းတစ်လျှောက်ရှိ လူနေအိမ်ခြေများ အန္တရာယ်ကင်းရေး အုပ်ချုပ်ရေးတာဝန်ရှိသူများ စောင့်ကြည့်စစ်ဆေးနေကြောင်း ပြောသည်။
နောက်ဆုံးအခြေအနေအရ မိုးရွာသွန်းမှု လျော့သွားပြီး ဆည်ရေလည်း တန့်နေကြောင်း သတင်းရရှိသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment