Tuesday, July 5, 2016

မန္တလေး ရွှေမန်းတောင်ဂေါက်ကွင်းမှ ကယ်ရီလုပ်သားများ ဆန္ဒဖော်ထုတ်


ဧရာဝတီ

မန္တလေးမြို့ ရွှေမန်းတောင် ဂေါက်ကွင်းမှ ကယ်ရီအလုပ်သမား ၁၀၀ကျော်ဟာ တရားဝင်အလုပ်သမားများ အဖြစ် သတ်မှတ်ခံရရေးအတွက် ယနေ့နံနက်ပိုင်က ၂၆လမ်းမှ ၁၂လမ်းအထိ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

သူတို့အား မူလက AK ကုမ္ပဏီက တရားဝင် အလုပ်ခန့်ခဲ့သော်လည်း ယခု Best Staltion  ကုမ္ပဏီနှင့် မန္တလေး စည်ပင်သာယာမှ အကျိုးတူ လုပ်ဆောင်ရန် လွှဲပြောင်း ရယူပြီးနောက်မှာ အစဉ်အဆက် ဂေါက်အိတ်ထမ်းကာ ကယ်ရီလုပ်ကိုင်လာသည့် လုပ်သားများမှာ ပိုင်ရှင်မရှိ အဆင်ပြေသလိုသာ လုပ်နေရသည့်အပြင် ကယ်ရီအလုပ်နှင့် မသက်ဆိုင်သော အလုပ်များကို လုပ်ဆောင်နေရကြောင်း ထို့အတွက် တရားဝင် ပုဒ်ပြတ်အလုပ်သမားဖြစ်ရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်းသိရပါတယ်။

မင်းထက်ငြိမ်းချမ်း ပေးပို့သည်။

No comments:

Post a Comment