Tuesday, July 5, 2016
မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်ရှိ အမျိုးသမီး ဘော်ဒါ ဆောင်အတွင်းရှိ ဆိုင်ကယ်ခြောက်စီး ဇူလိုင် ၃ ရက် ည ၁ နာရီတွင် ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ခိုးယူခံရသည့် ဆိုင်ကယ် များသည် ကာလပေါက်ဈေး ကျပ်ဆယ်သိန်းကျော် တန်ဖိုးရှိပြီး အဆောင်ပိုင်ရှင်က တရားလိုပြုလုပ်၍ ပြစ်မှုပုဒ်မ ၃၇၉ အရ အမှုဖွင့်ထားသည်။
ဇူလိုင် ၃ ရက် ည ၁၀ နာရီကလည်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင် ရပ်ကွက်ရှိ နေ အိမ်ဧည့်ခန်းစားပွဲပေါ်၌ တင်ထား သည့် ကျောက်နှင့် ငွေ စုစုပေါင်း တန်ဖိုး ကျပ်ဆယ့်ကိုးသိန်းငါးသောင်းထားသည့် အိတ်ပျောက်ဆုံး သွားခဲ့သည်။
အိတ်ပိုင်ရှင် အမျိုးသမီးသည် နေအိမ်မီးဖိုခန်း၌ ရေနွေးကြမ်းထည့်နေစဉ် သုံးမိနစ်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး စီစီတီဗီကင်မရာမှ ကြည့်ရှု ရာတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ဦးကစောင့်ဆိုင်း နေကာ ကျန်တစ်ဦးက အိတ်ကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၃) နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
7Day News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment