စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်းစီပွန်ရွာ ဓားပြတိုက်မှုမှာ ဖမ်းမိထားတဲ့ ဓားပြ ၉ ဦးဟာ နာဂလက်နက်ကိုင်တပ်ဖွဲ့ (NNC) က လူတွေဖြစ်တယ်လို့ ခန္တီးစစ်ဗျုဟာမှူးရုံးက အတည်ပြု ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီအချိန်က ခန္တီးမြို့နယ် နန်းစီပွန်ကျေးရွာက ကိုလွင် ရဲ့ ဈေးဆိုင်ကို လူ ၉ ဦးက ဓားပြဝင်တိုက်ခဲ့ရာမှာ နန်းစီပွန်ရွာသားတွေက ဓားပြတွေကို ဝိုင်းဖမ်းဆီးခဲ့ပြီး ခန္တီးမြို့စစ်တပ်ထံ အပ်နှံခဲ့ကြပါတယ်။
နာဂလက်နက်ကိုင် အဖွဲ့အစည်း (NNC) အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး မယူရသေးတဲ့အဖွဲ့ဖြစ်ပြီး လတ်တလော ဓားပြတွေကို စစ်တပ်ထဲမှာပဲ ဖမ်းချုပ်ထားပါတယ်။
ခန္တီးမြို့ပေါ်မှာ ဓားပြတိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ၉ ကြိမ်လောက်ထိ ဖြစ်ပွားခဲ့တယ်၊ တရားခံတွေကို ဖမ်းမမိသလို အမှုမှန် ပေါ်ပေါက်ခြင်းလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခု ဓားပြမှုကတော့ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ် ဖြစ်ပွားခဲ့တာပါ။
DVB
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment