မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, June 29, 2016
မန္တလေး လုယက်မှု
ဇွန်လ (၂၈)ရက်နေ့ ခုလေးတင်ဖြစ်သွားတာ (၅၅ လမ်း မန်းလေး )အိမ်ရှေ့ မှာပဲ...
ဘယ်ချိန်က ချောင်းပြီး လိုက်လာမှန်းမသိဘူး ဒမြနှစ်ယောက် ဆိုင်ကယ်နဲ့ ပဲ မောင်းနေရင်း လွယ်ထားတဲ့ အန်တီ့ အိတ်ကို လုတာ ဆိုင်ကယ်လဲသွားတော့ လည်ပင်းက ဆွဲကြီုးကိုထပ်ဆွဲပြီး ထွက်ပြေးသွားပါတယ်။ ပိုက်ဆံ သုံးသိန်းကျော် ဖုန်း ဆွဲကြိုး တစ်ကျပ်သား
ဆွဲသီးက တော်သေးတယ် ပြတ်ပြီး ကျန်ခဲ့တယ် နှစ်ကျပ်သား ကျော် တယ် ...
လူကတော့ ပွန်းပဲ့ ဒဏ်ရာ ရပြီး အစ်မတစ်ယောက်ကတော့ ခြေထောက်တော်တော်နာသွားမယ် ထင်တယ် ကြောက်စရာ ကောင်းပါလား နေ့ခင်းမှာတောင် ဒီလို လုယက် အတင့်ရဲမှတော့ ညဆို ပိုဆိုးမယ်
အထူးသဖြင့် မိန်းခလေးတွေ အထူးသတိထားကြပါလို့
ဒီလို မဖြစ်စေချင်လို့ ဒီပို့စ် လေးတင်ပေးလိုက်တာပါ
အန္တရယ်ကင်းဘေးရှင်းနိုင်ကြပါစေ လို့...
Barnard Wan Mgk



No comments:
Post a Comment