ထိုစကားသည် ဗုဒ္ဓဘုရားရှင်အား သွယ်ဝိုက်စော်ကားသလိုဖြစ်ပြီး အဓိပ္ပါယ် အနည်းဆုံး ၅ မျိုး သဘောသက်ရောက်နေသည်။
၁။ ဗုဒ္ဓဘုရားရှင်သည် လူသာမာန်သာ ဖြစ်သည်။ အိန္ဒိယတိုက်ငယ်၏ မင်းသားအဆင့်သာ ရှိသည်။...ဟု သဘောသက်ရောက်သည်။ (မြတ်စွာဘုရားဖြစ်သည့်အတွက် လောကီလူသားနှင့် နှိုင်းရန် မသင့်ပါ)
၂။ (ရာဇကုမ္မာ) မင်းသားဆိုသည့်အတွက် ဗုဒ္ဓဘုရားရှင်အထက်တွင် ဗုဒ္ဓထက် ထင်ရှားသည့် ဘုရင် (ရာဇာ) ရှိနေသည့် သဘောဖြစ်သည်။
၃။ ဗုဒ္ဓသည် လောကမှ လွတ်မြောက်ကြောင်းတရားကို ဟောပြောသည့် အရှင်တစ်ပါးထက် မိုဟာမက်ကဲ့သို့ စစ်ဘုရင် သို့မဟုတ် နယ်မြေအရှင်သခင်တစ်ယောက်သို့ သက်ရောက်သွားစေသည်။
၎။ "အိန္ဒိယတိုက်ငယ်၏" ဆိုသည့်အတွက် ကျန်ဒေသများ၌လည်း ဗုဒ္ဓကဲ့သို့သူများ များပြားလေဟန်၊ ဗုဒ္ဓထက်ပင် ကျော်ကြားထင်ရှားမြင့်မြတ်သောသူများ ရှိလေဟန် သဘောသက်ရောက်သည်။ (ဗုဒ္ဓသည် တိုက်နယ်အဆင့်ရှိ မင်းသားသာဟု အဓိပ္ပါယ် သက်ရောက်သည်)
၅။ ဗုဒ္ဓအား ရာဇကုမ္မာဟု ပြောခြင်းသည် ဗုဒ္ဓအား ဘုရားမဟုတ်ဟု ဆိုလိုသည့် အဓိပ္ပါယ် ပေါက်နေသည်။ (သိဒတ္ထသာလျှင် မင်းသားဖြစ်သည်)
ဗုဒ္ဓဘာသာဝင်ဖြစ်လျှက် ဤစကားထွက်ဝံ့သည်ကို လွန်စွာ အံ့သြမိသည်။ အစစ်အမှန် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဟုတ်ပါလေစ!
Myo Min
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment