တရုတ်လူမျိုး ဂရိတ်ဝေါ ဦးတင်မောင်(ခ) လီစန်းရှင်က လယ်မြေတွေ အဓမ္မသိမ်းပိုက်လိုက်လို့ လယ် (၁၈) ဧကပိုင်ရှင်ဘ၀မှ အိမ်သာကျင်းတူးသမားဘ၀ ရောက်ခဲ့ရတဲ့ ထီးချိုင့်မြို့နယ် ၀န်တင်ကုန်းကျေးရွာမှ ဦးမှတ်တင် နှင့် ဘ၀ပျက်သွားတဲ့ ရွာသားများ
အထက်မြန်မာပြည်တစ်ဝှမ်း ဦးတင်မောင်သိမ်းထားတဲ့ လယ်ဟာ ဧက သိန်းချီပြီးရှိပါတယ်
စဥ့်ကူးဒေသအပါအ၀င် အထက်မြန်မာပြည်မှာ ဦးတင်မောင်(ခ)လီစန်းရှင်ကြောင့် ဘ၀ပျက်သွားရတဲ့ ကျုပ်တို့ မြန်မာလူမျိုးအများကြီးဆိုတာ အားလုံးသိထားဖို့လိုပါတယ်
အဆိုးဝါးဆုံးလုပ်ရပ်ကတော့ တစ်နိုင်ငံလုံးဒုက္ခရောက်မယ့် ရေသောက်ဘီလူး ခေါ် ယူကလစ်ပင် စိုက်ပျိုးရေးစီမံကိန်းပါပဲ
ဦးတင်မောင်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စာရင်းကောက်ယူလို့ ရသလောက် ချရေးပြရရင်
၁။ နန်းတော်ဆေးရုံ မန္တလေး
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ ဂရိတ်ဝေါရှော့ပင်းစင်တာ
၎။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၅။ မန္တလေး၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၆။ နီကယ်စက်ရုံ
၇။ သကြားချက်စက်ရုံ
၈။ အီသနောစက်ရုံ
၉။ ကျွန်းစိုက်ခင်းဧက ၈၀၀၀
၁၀။ တစ်ရှူးသုတေသနဓာတ်ခွဲခန်း
၁၁။ အကြီးမြန် ယူကလစ်စိုက်ခင်းများ
၁၂။ မန္တလေးသိပံ္ပလမ်းပေါ်မှ ယူကလစ်နဲ့ငှက်ပျော စိုက်ခင်း
၁၃။ ကသာသစ်အချောထည်စက်ရုံ
၁၄။ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့ ကုမ္ပဏီရုံး
၁၅။ ဟွန်ဒါမြန်မာ သစ်အချောထည် စက်ရုံ (စစ်ကိုင်း မုံရွာစက်မှုဇုံ ခွဲ ပတ္တမြားစက်မှုဇုံ)
စစ်ကိုင်းမြို့
အဲ့တော့ ခင်ဗျားတို့အားလုံး သူခိုးဓားရိုးကမ်း ယောက်ဖကိုကြက်ဥတိုက်တဲ့ အလုပ်မျိုး မလုပ်မိစေဖို့လိုတယ်ဆိုတာ သတိပေးလိုက်ရပါတယ် . . .
ကိုယ်ချင်းစာတရားထားနိုင်ကြပါစေ
- ကျော်ကြီး(MDY)
ဓာတ်ပုံအချက်အလက် - ဟာကျုဟီ(ကသာ) / တူမောရိုးဂျာနယ်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment