ကမ္ဘာ့ရွှေဈေး မြင့်မားလာခြင်းကြောင့် ဇွန်လ ၁၆ ရက်နေ့မှစကာ မြန်မာ့ရွှေဈေးမှာ တဖြည်းဖြည်း မြင့်တက်လာနေပြီး ရွှေတစ်ကျပ်သား ကျပ် ၈၁၂,၀၀၀ သို့ ရောက်သွားကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၂၈၀ ဒေါ်လာဝန်းကျင်မှ ဇွန်လ ၁၆ ရက်တွင် တစ်အောင်စ ၁၃၀၂ ဒေါ်လာသို့ မြင့်တက်လာခဲ့ခြင်းကြောင့် မြန်မာ့ရွှေဈေး တစ်ကျပ်သား ရှစ်သိန်းဝန်းကျင်မှ ဇွန်လ ၁၆ ရက်က ၈၁၂,၀၀၀ ကျပ်သို့ မြင့်တက်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာ့ရွှေဈေးအနေဖြင့် မြင့်တက်ခဲ့သည် ဆိုသော်လည်း ယခုနှစ်တွင်မူ စံချိန်တင် မြင့်တက်မှုအနေဖြင့် တစ်ကျပ်သား ၈၁၂,၀၀၀ ကျပ်ဖြင့် စံချိန်တင် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ရွှေဈေးအနေဖြင့် ထိုသို့ မြင့်တက်လာခြင်းမှ ဒေါ်လာဈေး တည်ငြိမ်နေခြင်း၊ မြန်မာ့ရွှေထုတ်လုပ်မှု လျော့နည်းသည့် အချိန်ဖြစ်ခြင်းနှင့် ၀ယ်လိုအား ပုံမှန်ရှိနေသည့်အတွက် ပြန်လည်ကျဆင်းခြင်းရန် အားနည်းနေဦးမည်ဖြစ်ကြောင်းလည်း ရွှေထည် အရောင်းအ၀ယ် လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တို့က သုံးသပ်ကြသည်။
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment