မြင်တာလေးတစ်ခုတော့ ရေးချင်လာမိတယ်....... ဒေါ်စုက ရဲ လိုင်းခန်းတွေ၊ ရဲတွေရဲ့ မိသားစုဝင်တွေကို အခြေခံကျကျ သွားပြီး လေ့လာတာတွေ တွေ့ရတော့ ထောက်ခံပါတယ်....... အချို့အချို့သော အောက်ခြေ ရဲ တွေရဲ့ ဘဝက အတော်လေး ဆင်းရဲကြတယ်...... ဒါတွေကို မြှင့်တင်ပေးနိုင်ဖို့ အမြဲလိုလို ထောက်ခံတဲ့တယ်........
.
ဟိုးအရင် နေပြည်တော်မှာ နေခဲ့တုန်းက အောက်ခြေက ရဲတွေရဲ့ ဘဝတွေကို ကိုယ်တိုင် တွေ့ခဲ့ရတယ်...... ဘာလုံခြုံရေး ညာလုံခြုံရေးဆို သူတို့ နေပေတော့...... အိမ်သာမရှိ၊ သောက်ရေမရှိတာကို စကားထဲမထည့်ဘူး....... အရိပ်တောင် မရှိတဲ့နေရာတွေမှာ ကြံဖန် အရိပ်ကလေး ရှာနေရတာ ၂၄ နာရီ…….
.
ကိုယ်နေခဲ့တဲ့အချိန်မှာ ဦးသိန်းစိန် အစိုးရတက်ခါစ နိုင်ငံတကာ Delegation တွေ တဖွဲဖွဲလာနေချိန် အမြဲတွေ့ရတယ်...... သတိထားကြည့်နေတယ် သူတို့အတွက် ထမင်းထုတ် လာဝေတဲ့အချိန် နောက်ကျနေတာ၊ စောနေတာ..... စောနေတော့လည်း ထမင်းက မကျက်တကျက်၊ နောက်ကျတော့လည်း ထမင်းတွေက နေပြည်တော် အပူချိန်နဲ့ သိုးနေ......
.
သူတို့နားတောင် မရောက်သေးဘူး ထမင်းသိုး ဟင်းသိုးနံ့က ရနေတယ်....... ခင်ဗျားတို့ မစားသင့်ဘူးနော် ပြောတော့ မစားလည်း တစ်နေကုန် ဗိုက်ဆာနေတာ ဒီနေရာမှ ခွာလို့မရတာ ဆရာရယ်....... နေပူပြပီး စားရတာပေါ့တဲ့........ တတ်နိုင်သလောက်တော့ ကိုယ်ကြွေးနိုင်တာ ကြွေးခဲ့တယ်.......
.
အဲ့ဒိကတည်းက အောက်ခြေ ရဲသားလေးတွေရဲ့ ဆင်းရဲမှုကို နားလည်ခဲ့တယ်...... တစ်ခါ ကိစ္စတစ်ခုရှိလို့ ရဲမှူးကြီးတစ်ယောက်နဲ့ တစ်ခန်းထဲ အတူနေဖြစ်တော့ အဲ့ဒိကိစ္စကို ပြောဖြစ်တယ်....... သူကလည်း သူတို့ အခက်အခဲကို ပြောပြတယ်......
.
Delegation များတော့ အစားအသောက်ပို့ဖို့ ကားက ၂ စင်းပဲ ရှိတဲ့အခါ နေပြည်တော်မှာရှိတဲ့ ကင်းပုန်းအရည်အတွယ် ဘယ်လောက်ကို ပို့ရတာ…… တစ်ချို့ဆို ၄ နာရီလောက်မှ နေ့လည်စာ ထမင်းထုပ် ရတယ်ဆိုတာတွေ...... ဘယ်လောက်ပဲ စေတနာထား ချက်ပေမယ့် နောက်ကျလို့ ကျွန်တော့်လူတွေ သိုးတာတွေပဲ စားနေရတာကို ကျွန်တော်လည်း တတ်နိုင်သလောက် ဖြေရှင်းနေတယ် ဆိုတာတွေ သိလိုက်ရတယ်.....
.
အခုဒီဘက်ကာလမှာတော့ ဒီလိုကိစ္စတွေ နည်းလာမယ်လို့ ထင်မိပါတယ်..... ဒေါ်စုကိုယ်တိုင် တရားဥပဒေစိုးမိုးဖို့ ရဲတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတာကို သိလို့ အရေးတယူလုပ်လာတဲ့အပေါ် ထောက်ခံပါတယ်...... ဒါပေမယ့် တစ်ဖက်က ဒီလိုမျိုး တိုးတက်မှုတွေ ရှိလာချိန်မှာ တစ်ဘက်က တာဝန်ပိုလာတယ်ဆိုတဲ့ ကိစ္စတွေ ကြားရတဲ့အခါလည်း ထောက်ပြချင်လာတယ်......
.
အဲ့ဒါကတော့ နိုင်ငံတော် သမ္မတကတော် ခရီးထွက်တဲ့အခါတိုင်းမှာ နိုင်ငံတော် သမ္မတကပါ လေဆိပ်ကို အကြို အပို့လုပ်တဲ့အတွက် လုံခြုံရေးလမ်းကြောင်း အပြည့်ယူပေးနေရတယ် ဆိုတဲ့ကိစ္စပါ....... နိုင်ငံတစ်နိုင်ငံရဲ့ ဥသျှောင်ဖြစ်တဲ့ သမ္မတဟာ အပြင်လမ်းကြောင်း ထွက်တဲ့အခါ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေမှာ လမ်းကြောင်း လုံခြုံရေးကို အပြည့်အဝ တာဝန်ယူရပါတယ်........
.
တစ်ချို့ကတော့ ပြောကြမယ် ဘယ်နိုင်ငံက ဝန်ကြီးချုပ်၊ သမ္မတ လမ်းဘေးမှာ ဘယ်လိုစားတယ်ဆိုတာတွေ....... တနည်းအားဖြင့် Plain Folk Propaganda…. အဲ့ဒိလို ကင်မရာမှာ မြင်ရတဲ့ သာမန်လူလို နေထိုင်တဲ့ မြင်ကွင်းတစ်ကွက်စာရဲ့ အလွန် ပါတ်ပါတ်လည်မှာ ချထားတဲ့ ထူထပ်တဲ့ လုံခြုံရေးတွေကို မသိကြပါ........
.
အမေရိကန် သမ္မတ ခဏဖယ်ထားပါ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ လာတဲ့အခါမှာတောင် သူ့ရဲ့ အထူးလေယာဉ်ထဲမှာ ပါလာတဲ့ သတင်းထောက်တွေကလွဲပြီး မြေပြင် သတင်းယူမယ့် သတင်းထောက်တွေရဲ့ ကင်မရာတွေ၊ ဆက်စပ် ပစ္စည်းတွေကို သတ်မှတ် တစ်နေရာမှာ စုပုံပြီး အမေရိကန် မိုင်းရှင်းခွေးက အနံ့ခံ စစ်ဆေးပါတယ်.....
.
ဒီလို နိုင်ငံ့ဥသျှောင် / နိုင်ငံ့ ကိုယ်စားပြုသူတွေအပေါ် လုံခြုံရေးတွေ စနစ်တကျလုပ်ဆောင်ရတဲ့ အနေအထားဟာ နိုင်ငံတိုင်းမှာ ရှိကြပါတယ်..... ခုလက်ရှိ ကြားသိရတာကတော့ သမ္မတကတော် ခရီးထွက်တိုင်းမှာ သမ္မတက လေဆိပ်အထိ လိုက်လံ အပို့၊ အကြို လုပ်တဲ့အတွက် အမြဲလိုလို လမ်းကြောင်း လုံခြုံရေးကို အောက်ခြေ ရဲဝန်ထမ်းတွေဟာ နေပူမရှောင် မိုးရွာမရှောင် ယူနေရတယ်လို့ သိရပါတယ်.......
.
အရင် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဦးသိန်းစိန်ကတော် ခရီးထွက်တဲ့အခါ သမ္မတက အကြိုအပို့ မရှိတာကြောင့် သမ္မတလမ်းကြောင်း လုံခြုံရေး အမြဲတစေ လုပ်ရခြင်း မရှိရဘူးလို့လည်း သိရပါတယ်.......
.
ဒီအတွက် ထောက်ပြလိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးတွေ လမ်းကြောင်းတစ်ခု ထွက်တိုင်းမှာ အဆင့်အဆင့်တိုင်းသော လုံခြုံရေး ဝန်ထမ်းများဟာ သက်ဆိုင်ရာ တာဝန် ယူရပါတယ်..... ဘယ်လိုပဲ နိုင်ငံတကာရဲ့အမြင်မှာ သတင်းတွေမှာ Proxy President လို့ သုံးနှုံးစေတော့ နိုင်ငံတော် သမ္မတာဟာ နိုင်ငံတော် အဆင့်ပါပဲ.......
.
သမ္မတ လမ်းကြောင်းထွက်တိုင်းမှာ သက်ဆိုင်ရာ လုံခြုံရေးအပြည့်အဝ ယူရသလို အပင်ပန်းဆုံးကလည်း အောက်ခြေ ရဲ ဝန်ထမ်းတွေပါပဲ...... ဒါကြောင့်မို့လို့ ဒီအချက်လေးတွေကို သတိချပ်မိစေဖို့ ထောက်ပြရပါတယ်......
VOJM
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment