ပုဂ္ဂလိကသို့ သစ်ထုတ်လုပ်ခွင့် မပေးတော့ဘဲ ၀န်ကြီးဌာနကသာ ထုတ်လုပ်ရောင်းချမည်
Tuesday, June 7, 2016
ပုဂ္ဂလိကသို့ သစ်ထုတ်လုပ်ခွင့် မပေးတော့ဘဲ ဝန်ကြီးဌာနမှ ယန္တရား၊ ဝန်ထမ်း၊ ဆင်များဖြင့် ထုတ်လုပ်၍ ပြည်တွင်း ပြည်ပသို့ ရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောကြားခဲ့သည်ဟု သတင်းများအရ သိရသည်။
မြန်မာ့အဖိုးတန်သယံဇာတသစ်များကို နိုင်ငံတော်အစိုးရသစ်မှ ရေရှည်တွင် အကျိုးရှိထိရောက်စွာ အသုံးပြု နိုင်ရန်အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်က မြန်မာ့သစ်တောများမှ ကျွန်းနှင့် သစ်မာထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းလိုက်သော်လည်း မြန်မာ့သစ်လုပ်ငန်းတွင် ကျွန်းသစ် တန်တစ်သိန်းကျော်နှင့် အခြားသစ်မာ ၇၂ဝ,ဝဝဝ ရှိနေပြီး ပြည်တွင်း သစ်သုံးစွဲမှု ဖူလုံနေသည့်အပြင် ပြည်သူသို့လည်း ထိုက်သင့် ပမာဏဖြင့် ရောင်းချပေးနိုင်သည်ဟု ၎င်းကပြောသည်။
မြန်မာ့သစ်တော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၁ဝ နှစ်တာ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲပြီး နောက်ပိုင်းတွင် ၂ဝ၁၅ မှ ၂ဝ၂၅ ခုနှစ် ၁ဝ နှစ်တာအတွင်း တစ်နှစ်လျှင် ကျွန်းပင် ၉ဝ,၂ဝဝ၊ သစ်မာပင် ၅၉ဝ,၂၃ဝ နှစ်စဉ် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment