KIA သောင်းကျန်းသူများ ကြယ်လင်းကုမ္ပဏီအား မီးရှို့
====================================
15, May, 2016 By MaNawMyae
၂၀၁၆ မေ ၁၄ရက်နေ့ ည ၇နာရီခွဲချိန်ခန့်တွင် ကြယ်လင်းကျောက်စိမ်းတူဖော်ရေး ကုမ္ပဏီသို့ အရပ်ဝတ် ဝတ်ဆင်ထားသော လူ၅ဦးသည် ဆိုင်ကယ်၎စီးဖြင့်လည်းကောင်း၊ ပါဂျဲရိုးအမျိုးအစား အနက်ရောင် ယာဉ်တစ်စီးသည်လည်းကောင်း ရောက်ရှိလာခဲ့သည်။ ပါဂျဲရိုး ယာဉ်မှာ ခြံစည်းရိုး ပြင်ပ၌ စောင့်ဆိုင်းနေပြီး ဆိုင်ကယ် ၄စီးနှင့် လူ ၅ဦးသည် ခြံစည်းရိုး တံခါးများအား ဖျက်ဆီးဝင်ရောက်ကာ ဂိတ်စောင့်ဝန်ထမ်း ၂ဦးအား ပစ္စတိုဖြင့် ခြိမ်းခြောက်၍ မြေပြင်၌ မှောက်ခိုင်း၍ ဘက်ဟိုးနှင့် မြေသယ်ယာဉ်များထားရှိသည့် အဆောက်အဦအား အသင့် ပါလာသည့် ၃ဂါလံဆံ့ပလပ်စတစ်ပုံးအတွင်းမှ ဓာတ်ဆီဖြင့် ပက်ဖြန်းမီးရှို့ခဲ့ပြီး လက်ပစ်ဗုံး ၂လုံးဖြင့် ပစ်ပေါက်ကာ ဆိပ်မူကျေးရွာဘက်သို့ ခြံစည်းရိုးပြင်ပ၌ စောင့်ဆိုင်းနေသည့် ပါဂျဲရိုးယာဉ်နှင့်အတူ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။
ကြယ်လင်းကုမ္ပဏီမှ ဘက်ဟိုးယာဉ် ၃စီး၊ ၁၂ဘီးမြေသယ်ယာဉ် ၂စီး၊ ၁၀ဘီး မြေသယ် ယာဉ် ၁စီးနှင့် အဆောက်အဦ ၂လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့ထွက်ပြေးသွားသည့် သောင်းကျန်းသူများနောက်သို့ နယ်မြေခံ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းလျက်ရှိ ကြောင်း သိရှိရပါသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment