ကောလင်း မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ မေ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ
အချိန်တွင် လေပြင်းများ တိုက်ခတ်ပြီး မြို့နယ် သစ်တောဦးစီးဌာန
ရုံးဝင်းအတွင်းရှိ စိန်ပန်းပင်လဲကျမှုကြောင့် လမ်းတွင် စက်ဘီးစီး၍
သွားလာနေသော မြောက်အင်းရပ်ကွက်နေ ဦးလှဖေ အသက် (၇၇)နှစ် သည် နေရာတွင်ပင်
ပွဲချင်းပြီး သေးဆုံးခဲ့သည်။
ပြိုလဲပျက်စီးကျိုးကျခဲ့သော သစ်ပင်သစ်ကိုင်းများကို
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက
စုပေါင်းရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
No comments:
Post a Comment