"ဖားကန့်တွင် မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွား "
ဖားကန့်တွင် ယနေ့(မေလ ၂၅ရက်)နံနက် ၁၀နာရီခန့်က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့၊ရပ်ကွက်(၁)တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ စစ်ရေးတင်းမာနေသည့် ဖားကန့်ဒေသတွင် မြို့ပေါ်ရပ်ကွက်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ၄ရက်ခန့် အကြာတွင် ယခု တစ်ကျော့ပြန် ပေါက်ကွဲမှုဖြစ်ခြင်း ဖြစ်သည်။
No comments:
Post a Comment