ရွှေဘို-မြစ်ကြီးနား ဗျူ ဟာလမ်း ပင်ဝယ်ကျေးရွာအနီးတွင် ပင်ဝယ်ရွာနှင့်ပင်းတင် ရွာကြား (၂၈.၅.၂၀၁၆) ရက်နေ့ ယနေ့ နံနက် ၃း၃၀ အချိန်ခန့်တွင် လမ်းဘေးခေတ္တ ရပ်နားထားသော ၆ဘီးကားယာဉ်ကို မြစ်ကြီးနားမှ မန္တလေးဘက်သို့ မောင်းနှင်လာသော ကချင်မန္တလာ ကားလေး နှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလေးမှာ ခရီးသည်နှင့်ယာဉ်မောင်းသူ အပါအဝင် ၁၆ဦးလိုက်ပါလာရာ ယာဉ်မောင်းမှာ ရန်ကုန် မှော်ဘီ စမ်းချောင်းရွာနေ အငယ်လေးခေါ် ဒိုဘီ နှင့် ခရီးသည် နတ်မောက်နယ် ဂွေးချိုရွာနေ ကိုမြတ်သူ မှာ ပွဲချင်းပြီး သေဆုံးကြသည်။
ကျန်ခရီးသည်များထဲက (၉)ဦးမှာ ပြင်းထန်ဒဏ်ရာရကြ၍ မော်လူးမှ မေတ္တာအားမာန် ပရဟိတလူမှုကူညီရေးအဖွဲ့ ၊ ပုညဂါရဝလူမှုကူညီရေးအဖွဲ့ ၊ စိတ္တသုခလူမှုကူညီရေးအဖွဲ့ ၊ ပင်ဝယ်ရွာမှ ကရုဏာရှင် လူမှုကူညီရေးအသင်း၊ အင်းတော်မြို့မှ ဒါနသုခလူမှုကူညီရေးအသင်း ၊ မြတ်စေတနာလူမှုကူညီရေးအသင်း တို့ ပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်းသိရှိရပါသည်။
Chake Kwl
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment