မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, May 20, 2016
ရန်ကုန် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်ပြုတ်ကျ
ယနေ့ 20.5.2016 ညနေ ၃ နာရီခန့်အချိန်တွင် တောင်ဥက္ကလာ ( ၁၀ ) ရပ်ကွက်ဈေးအနီး မေတ္တာလမ်းနှင့်ဓမ္မရာဇာ ( ဘုရားလမ်း)ထိပ်တွင် လျှပ်စစ်မီးကြိုး လဲလှယ် တပ်ဆင်ရင်း လျှပ်စစ်ဝန်ထမ်း တစ်ဦး ဓာတ်လိုက်ကာ မီးတိုင်ပေါ်မှ ပြုတ်ကျခဲ့သည်။
မီးကြိုးများလည်း ပုံပါအတိုင်း ပြတ်ကျသွားခဲ့သည်။
လျှပ်စစ်ဝန်ထမ်းအားဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သိရသော်လည်း အသက်အန္တရာယ်
စိုးရိမ်ရသော အခြေအနေတွင် ရှိနေခဲ့သည်။
မိုးဦးကျရာသီဖြစ်သဖြင့် ဆွေးမြေ့နေသော မီးကြိုးများ အချိန်မရွေး ပြတ်ကျနိုင်သဖြင့် အန္တရာယ်သတိထားရှောင်ရှားနိုင်ကြပါစေ။ လျှပ်စစ်ဝန်ထမ်းများကိုလည်း စာနာနားလည်နိုင်ကြပါစေ...
Ko Gyi Maung


No comments:
Post a Comment