မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 24, 2016
သတင်းရယူရေးလွယ်ကူရန် ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်သင့်ဟု ပြန်ကြားရေးဝန်ကြီးဆို --------------------------------------------- နေပြည်တော်၊ မေ ၂၃
သတင်းရယူရေးလွယ်ကူရန် ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်သင့်ဟု ပြန်ကြားရေးဝန်ကြီးဆို
---------------------------------------------
နေပြည်တော်၊ မေ ၂၃
ပြည်တွင်းပြည်ပ သတင်းမီဒီယာများ သတင်းရယူရေး လွယ်ကူရန် အစိုးရအဖွဲ့ ဝန်ကြီးဌာနများအနေနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၂၁ ခုမှ တာဝန်ပေး ခန့်အပ်ထားသည့် ပြောရေးဆိုခွင့်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“ဒီမီဒီယာများ သတင်းရယူဖို့ သတင်းရရှိရေးတွေ တိုးတက်ဖို့ လိုပါတယ်”ဟု ၎င်းကဆိုသည်။
ယင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၂၁ ခုမှ တာဝန်ပေး ခန့်အပ်ထားသည့် ပြောရေးဆိုခွင့်ရှိသူများနှင့် မဇ္ဈိမ မီဒီယာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ဦးအောင်လှထွန်း ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစော၊ Yangon Journalisam School ဦးရဲနိုင်မိုးနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
“ဝန်ကြီးဌာနအသီးသီးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ အနေနဲ့ ဘယ်အချက်တွေက ပြောနိုင်တဲ့အချက်၊ ဘယ် အချက်တွေက မပြောနိုင်တဲ့အချက်တွေဆိုတာ ကွဲကွဲပြားပြားသိအောင် လုပ်ထားဖို့ လိုပါတယ်။ ဘယ်အချက် တွေကို ပြောနိုင်တယ်၊ ဘယ်အချက်တွေကို မပြောနိုင်ဘူးဆိုတာ သတ်မှတ်ချက်ထားဖို့ လိုပါတယ်။ ပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ သတင်းမီဒီယာတွေ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပေးဖို့ လိုပါတယ်”ဟု Yangon Journalisam School ဒါရိုက်တာ ဦးရဲနိုင်မိုးက ပြောကြားသည်။
No comments:
Post a Comment