မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, May 29, 2016
မုတ်သုံလေအားကောင်း၍ ရန်ကုန်နှင့် ဒေသအချို့ မိုးကြီးမည် --------------------------------
မုတ်သုံလေအားကောင်း၍ ရန်ကုန်နှင့် ဒေသအချို့ မိုးကြီးမည်
-----------------------------------------------
ရန်ကုန်၊ မေ ၂၈
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုတ်သုံလေ အားအလွန်ကောင်းနေသည့်အတွက် ရန်ကုန်အပါအဝင် ဒေသအချို့ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမှ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးကြီးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်အချက်အရ သိရသည်။
နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် မုတ်သုံလေအားကောင်းသည့်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး မိုးလေ၀သအခြေအနေ ဆိုးရွားနိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့တွင် ၄ ဒသမ ၂၅ လက်မ၊ မြိတ်မြို့တွင် ၂ ဒသမ ၆၄ လက်မ၊ ထားဝယ်မြို့တွင် ၂ ဒသမ ၃၆ လက်မ၊ ကော့သောင်းမြို့တွင် ၂ ဒသမ ၂၈ လက်မ၊ ညောင်တုန်းမြို့တွင် ၁ ဒသမ ၉၃ လက်မ၊ ကျိုက္ခမီမြို့တွင် ၁ ဒသမ ၈၅ လက်မ၊ ရန်ကုန်(ဒဂုံမြောက်ပိုင်း)တွင် ၁ ဒသမ ၅ လက်မနှင့် မိုးကုတ်မြို့တွင် ၁ ဒသမ ၄၆ လက်မအထိ မိုးရေချိန်ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။
No comments:
Post a Comment