မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, April 19, 2016
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ▄▄▄▄▄▄▄▄▄▄▄
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကျောက်တံခါး ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော်အမြန် လမ်းမကြီး မိုင်တိုင် အမှတ်(၈၂/၄-၅) အကြားတွင် ဧပြီ ၁၈ ရက် နံနက် ၉ နာရီက ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်သို့ နေပြည်တော် စည်ပင်အိမ်ရာနေ ဝင်းနောင်(၄၂)နှစ်မောင်းနှင်လာသော လိုက်ထရပ်အဖြူ ရောင်ယာဉ်သည် အရှိန်လွန်ပြီးလမ်းလယ် ကျွန်းပေါ်သို့ ကျော်တက်ကာ ပက်လက်လန် တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာကြသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးရှစ်ဦးတို့အနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခြောက်ဦးတို့မှာ ထိခိုက် ဒဏ်ရာများရရှိကာ အတွင်း လူနာ(မစိုးရိမ်ရ)အဖြစ် မြို့ချောင်းအမြန်လမ်းမကြီးဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဝင်းနောင်အား မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရ သည်။
ခင်ကို(ကျောက်တံခါး)
No comments:
Post a Comment