မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, April 19, 2016
စစ်တွေမြို့ သဲချောင်းဆိပ်ကမ်း အနီးမှာ စက်လှေတစီး တိမ်းမှောက်လို့ အနည်းဆုံး ၁၈ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေပါတယ်။
စစ်တွေမြို့ သဲချောင်းဆိပ်ကမ်း အနီးမှာ စက်လှေတစီး တိမ်းမှောက်လို့ အနည်းဆုံး ၁၈ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တော်မော် ကျေးရွာက လူ ၆၇ ဦး စက်လှေနဲ့ စစ်တွေမြို့ကိုအလာ စစ်တွေမြို့ သဲချောင်း ဆိပ်ကမ်းအနီးမှာ တိမ်းမှောက်တာ ဖြစ်ပါတယ်။
ကလေး ၈ ဦး အပါအဝင် အလောင်း ၁၈ လောင်းကို ရှာဖွေနိုင်ခဲ့ပြီး ၁၇ ဦး အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။
အသက်ရှင်သူတချို့ကို သက်ကယ်ပြင်ဆေးရုံကို ပို့ထားပါတယ်။
ကျန်သူတွေ ပျောက်ဆုံးနေတုန်းဖြစ်တယ် လို့ ဒေသခံ တဦးက ပြောပါတယ်။
No comments:
Post a Comment