အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်
=========================
ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ မိုးလေဝသတိုင်းထွာ ချက်များအရ အနောက်ဘက်မှ ရွှေ့လျားလာသော လေပွေ လှိုင်းများ၏အရှိန်ကြောင့် လည်း ကောင်း၊ နေ့အပူချိန်များ မြင့် တက်၍ လေထုမငြိမ်သက်မှု များ ကြောင့် လည်းကောင်း၊ ဧပြီ ၂၂ ရက်မှ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အထက် ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုး အနည်းငယ် ထစ်ချုန်းရွာနိုင် သည်။
Credit MOI - (မိုး/ဇလ)
Yangon Media Group
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment