မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, April 19, 2016
အီကွေဒေါ နိုင်ငံမှာ စနေနေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံး ခဲ့သူ အရေအတွက်ဟာ အတည်ပြုထား နိုင်တဲ့ စာရင်းထဲ အယောက် ၄၁၃ ယောက် ရှိ သွားပြီလို့ အာဏာပိုင် တွေက ပြောပါတယ်။
အီကွေဒေါ နိုင်ငံမှာ စနေနေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံး ခဲ့သူ အရေအတွက်ဟာ အတည်ပြုထား နိုင်တဲ့ စာရင်းထဲ အယောက် ၄၁၃ ယောက် ရှိ သွားပြီလို့ အာဏာပိုင် တွေက ပြောပါတယ်။
ထိခိုက် ဒဏ်ရာ ရသူတွေ လည်း အယောက် ၂ ထောင် ကျော် ပါတယ်။
အခုဆိုရင် ဒေသတွင်း တခြား လက်တင် အမေရိက နိုင်ငံ တွေက သာမက ဆွစ်ဇာလန် နဲ့ စပိန် တို့ကပါ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေ အီကွေဒေါ နိုင်ငံဆီ စေလွှတ် ထားပါတယ်။
အီကွေဒေါ နိုင်ငံရဲ့ ပစ်ဖိတ် သမုဒ္ဒရာ ကမ်းရိုတန်း တလျှောက် မြို့တွေမှာ ငလျင်ဒဏ်ကြောင့် အဝေးပြေး လမ်းမ တွေ ကျိုးကျ ပျက်စီး ခဲ့ရသလို၊ နေအိမ် အဆောက်အဦ တွေ ပြိုကျ ခဲ့ရပါတယ်။
လူ ထောင်ပေါင်းများစွာ အိုးအိမ်တွေ ဆုံးရှုံး ခဲ့ရပြီး အဆိုးရွား ဆုံး ထိခိုက် ခံခဲ့ရတဲ့ နေရာ တချို့မှာ လုယက်မှု တွေ ဖြစ်ပေါ် နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပေမယ့် လမ်းတွေ ပေါ်မှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပတ္တရောင် လှည့်နေကြတာ ကို တွေ့နေရပါတယ်။
No comments:
Post a Comment