Esther Htusan၊ Margie Mason၊ Robin McDowell နှင့် Martha Mendoza တို့ကို ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက်က နယူးယောက်တွင် ပြုလုပ်သော George Polk ဆုပေးပွဲ၌ တွေ့ရစဉ် (Photo : AP)
၂၀၁၆ ခုနှစ် ပူလစ်ဇာဆု ရရှိသူများတွင် သမိုင်းတလျှောက် ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသူ အမျိုးသမီး သတင်းထောက် တစ်ဦး ပါဝင်ခဲ့ပါသည်။
AP သတင်းဌာနတွင် လုပ်ကိုင်နေသော ကချင်တိုင်းရင်းသူ သတင်းထောက် Esther Htusan သည် အခြား လုပ်ဖော်ကိုင်ဖက်များ ဖြစ်သော Margie Mason၊ Robin McDowell နှင့် Martha Mendoza တို့နှင့်အတူ အရှေ့တောင်အာရှ၌ ကျွန်ပြုခံနေရသော ငါးဖမ်း ရေလုပ်သားများ အကြောင်း ဖွင့်ချရေးသားခဲ့သည့် သတင်းများအတွက် ပူလစ်ဇာဆု ရရှိခဲ့ခြင်း ဖြစ်သည်။
စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်ဇင် အတတ်ပညာဖြင့် AP သတင်းဌာနက ရေးသားခဲ့သည့် သတင်းသည် အရှေ့တောင်အာရှ ကျွန်ပြုခံရသော (မြန်မာနိုင်ငံမှ အပါအ၀င်) ငါးဖမ်း ရေလုပ်သား ၂၀၀၀ ကျော် အကြောင်းနှင့် ကျွန်ပြုခံနေရသော ငါးဖမ်းရေလုပ်သားများ၏ လုပ်အားဖြင့် ရရှိခဲ့သော ရေထွက်ကုန်၊ ပင်လယ်စာများကို အမေရိကန် စားသောက်ဆိုင်များ၊ အိမ်မွေး တိရိစ္ဆာန် အစာရောင်းချသူများ၊ Walmart ကဲ့သို့ ဆိုင်ကြီးများတွင် ဈေးကွက်တင် ရောင်းချနေမှုများကို ဖွင့်ချခဲ့ခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်နေမှုများကို တစ်နှစ်ကျော်ကြာ စုံစမ်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီတွင် ၎င်းတို့၏ တွေ့ရှိချက်များအား စတင်ဖွင့်ချခဲ့ခြင်း ဖြစ်သည်။
ငါးဖမ်းရေလုပ်သားများ ကျွန်ပြုခံနေရမှု အကြောင်း AP သတင်းဌာန၏ ရေးသားမှုများထဲတွင် အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနာကျွန်းတွင် မြန်မာနိုင်ငံသား အများစု အပါအ၀င် ငါးဖမ်းရေလုပ်သား ထောင်ဂဏန်းခန့် ကျွန်ပြုခံနေရမှုကို ဖော်ထုတ်ခဲ့ခြင်းက အထင်ရှားဆုံး ဖြစ်ခဲ့သည်။ သတင်းများ၏ နောက်ဆက်တွဲ အနေဖြင့် မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှားမှ အာဏာပိုင်များ ပူးပေါင်းပြီး ကျွန်ပြုခံနေရသူများကို ကယ်တင်ခဲ့ရသည့် နည်းတူ အမေရိကန်၏ ရေထွက်ကုန်ပစ္စည်း တင်သွင်းမှုဆိုင်ရာ ကိစ္စများကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရပါသည်။
ပူလစ်ဇာဆုသည် ဂျာနယ်လစ်ဇင် ထူးချွန်ဆုများထဲတွင် ဂုဏ်သိက္ခာရှိသော ဆုတစ်ဆုဖြစ်ပြီး အမေရိကန် သတင်းလောက၏ အမြင့်ဆုံး ဆုတစ်ဆုလည်း ဖြစ်ပါသည်။
၂၀၁၆ ခုနှစ် ပူလစ်ဇာဆု ရရှိသူများ စာရင်း
Public Service - Associated Press (Esther Htusan၊ Margie Mason၊ Robin McDowell နှင့် Martha Mendoza)
Breaking News Reporting - Los Angeles Times Staff
Investigative Reporting - Leonora LaPeter Anton နှင့် Anthony Cormier
Explanatory Reporting - T. Christian Miller နှင့် Ken Armstrong
Local Reporting - Michael LaForgia၊ Cara Fitzpatrick နှင့် Lisa Gartner
National Reporting - The Washington Post Staff
International Reporting - Alissa J. Rubin (The New York Times)
Feature Writing - Kathryn Schulz (The New Yorker)
Commentary - Emily Nussbaum (The New Yorker)
Editorial Writing - John Hackworth (Sun Newspapers)
Editorial Cartooning - Jack Ohman (The Sacramento Bee)
Breaking News Photography - Mauricio Lima၊ Sergey Ponomarev၊ Tyler Hicks နှင့် Daniel Etter (The New York Times)
Feature Photography - Jessica Rinaldi (The Boston Globe)
Fiction - The Sympathizer (Viet Thanh Nguyen)
Drama - Hamilton (Lin-Manuel Miranda)
History - Custer's Trials: A Life on the Frontier of a New America (T.J. Stiles)
Biography or Autobiography - Barbarian Days: A Surfing Life (William Finnegan)
Poetry - Ozone Journal (Peter Balakian)
General Nonfiction - Black Flags: The Rise of ISIS (Joby Warrick)
Music - In for a Penny, In for a Pound (Henry Threadgill)
Local
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment