မုံရွာမြို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိသူနှင့် မိုးကြိုးထိမှန်သူ စုစုပေါင်း နှစ်ဦးသေဆုံး
မုံရွာမြို့တွင် ဧပြီ ၂၁ ရက် ညနေ ၆ နာရီအချိန်ခန့် တွင် မိုးသက်လေပြင်းများ ကျရောက်ကာ မိုးကြိုးပစ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အိုးဘိုတောင် ရပ်ကွက်တွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထန်းပင်ပိ သေဆုံးခဲ့ကြောင်း၊ ရေအရင်း အမြစ်ရုံးမှ စာရေးအဆင့် (၄) ရှိသူ အသက် (၂၁) နှစ် အရွယ် အမျိုးသမီး တစ်ဦးမှာလည်း မိုးကြိုးထိမှန် သေဆုံးသွားခဲ့ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သိရသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment