Thursday, March 3, 2016

NLD အမတ်များ အင်္ဂလိပ်စာ သင်တန်းတက်ရမည်

NLD အမတ်များ အင်္ဂလိပ်စာ သင်တန်းတက်ရမည် Thursday, March 3, 2016 NLD လွှတ်တော်အမတ်များအားလုံး လာမည့် မတ်လ ၈ ရက်နေ့တွင် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲတွင် ရရှိသည့် အဆင့်ပေါ်မူတည်၍ အင်္ဂလိပ်စာ သင်တန်းတက်ရမည်ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ အဆိုပါ သင်တန်းများကို British Council က စစ်မေးမည်ဖြစ်ပြီး သင်တန်းများကိုလည်း British Council ကပင် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်တချို့က အတည်ပြုပြောသည်။ "အင်္ဂလိပ်စာ သင်တန်းတက်ရမှာ။ အမတ်တွေအားလုံးပဲ။ ဒီသင်တန်းတွေ မဖြစ်မနေတက်ရမှာပါ" ဟု NLD အမတ် ၁ ဦးက ပြောဆိုသည်။ ဧရာဝတီ

No comments: