Golden Myanmar လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်လေယဉ်ကွင်း Taxi Way ပြေးလမ်းအတွင်းမှာ ဘီးပေါက်လို့ ခရီးစဉ်ကို ယာယီရွေ့ဆိုင်း ထားခဲ့ရပါတယ်။ လေယာဉ်အတက် Taxi Out မှာ ဘီးပေါက်ခဲ့တာဖြစ်ပြီး ခရီးသည်တွေ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။ ဘီးပေါက်တဲ့ အရှိန်နဲ့ မီးများ ပွင့်ထွက်လာတာ ဖြစ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ လက်ရှိ ခရီးစဉ်တွေကို အချိန်နောက်ဆုတ် ထားတယ်လို့ သိရပါတယ်။
ဖိုးသီဟ( မြောက်ဦး )
Photo - Kyaw Swa Min
via မြတ်သူထွန်း
No comments:
Post a Comment