ဝန်ကြီးဌာန ၃၆ခုကို ၂၁ခု လုပ်ပြီး
ဝန်ကြီး/ဒုဝန်ကြီးဦးရေ ၁၀၀ ခန့် ရှိခဲ့တဲ့အစိုးရအဖွဲ့ကို ဝန်ကြီး ၂၀ဦးခန့်အထိ လျှော့ချလိုက်တယ်။
ဝန်ကြီးဌာနတွေ ချုံ့ပစ်ပြီးတော့ ဝန်ကြီး/ဒုဝန်ကြီးဦးရေတွေ လျှော့ချပစ်တဲ့ အကျိုးရလာဒ်က ဘာလဲဆိုရင်
သူတို့သက်တမ်းငါးနှစ်အတွင်းမှာ
မြန်မာကျပ်ငွေ သန်းငါးထောင် ပိုထွက်လာမှာပါ...တဲ့။
တွက်ကြည့်လေ
အစိုးရသစ်က ဘာမှကို မလုပ်ရသေးဘူး။
ဘဏ္ဍာငွေတွေက ပိုထွက်လာနေပြီ။
အခြားလိုအပ်တဲ့ကဏ္ဍတွေမှာ အသုံးချခွင့် ရနေပြီ။
ခြိုးခြံတယ်ဆိုတာ အဲဒါ... ချွေတာတယ်ဆိုတာ အဲဒါ
စည်းစံနစ် ရှိတယ်ဆိုတာ အဲဒါ။
[[မင်းက ကားနှစ်စီး ယူ...ငါက တိုက်တစ်လုံးယူမယ်
မင်းက အလုပ်သမား နှစ်ယောက်ယူ... ငါက ထမင်းချက်နှစ်ယောက် ယူမယ်
မင်းက ကားပြင်ဆင်စရိတ်ယူ... ငါက အိမ်အသုံးအဆောင်ပရိဘောဂတွေနဲ့ စက်သုံးဆီ အင်ဂျင်ဝိုင်တွေ ယူမယ် ...ဆိုပြီး
ဖြဲရဲယူဖို့ အစိုးရလုပ်ချင်တာမဟုတ်ဘူး။]]
မလိုအပ်ပဲ ကုန်ကျနေရတဲ့ ကဏ္ဍတွေကို စီစစ်ဖို့
တကယ်လိုအပ်တဲ့ကဏ္ဍတွေကို ဖြည့်ဆည်းဖို့ အစိုးရ လုပ်ချင်နေကြတာ။
အလကားနေ အချိန်ကုန်ငွေဖြုန်း လုပ်နေမယ့်အစိုးရ မဟုတ်တာကိုက
မင်္ဂလာတစ်ပါးပဲ။
ကိုယ့်တိုင်းပြည် စီးပွားရေးအခြေအနေမကောင်းတဲ့ကာလမှာ
ဘဏ္ဍာငွေကို ဘုန်းဘောလအော မဖြုန်းရဘူးဆိုတာ သူတို့သိတယ်။
အစစအရာရာ ကဏ္ဍစုံမှာ စာရင်းအင်းစိစစ်သုံးစွဲနိုင်မှ
တန်ကာကျတာ သူတို့သိတယ်။
ကမ္ဘာမှာ "ပြန်လည်ထူထောင်ရေးကာလ" ဆိုတာ
ကိုယ့်အိပ်ကပ်ထဲ ပိုက်ဆံဘယ်လောက်ပဲ ရှိနေနေ
ပေါင်မုန့်တစ်ချပ်တောင် ပိုဝယ်ခွင့် မရှိကြဘူး။
ဝယ်ခွင့်ကို မရှိတာနော်။
အလကားစားခွင့်ဆို အဝေးကြီး။
တိုက်တာအိုးအိမ် မြေယာတွေ ခွဲဝေယူကြဖို့အသာထား
အိမ်ရှိလူဦးရေထက် ပိုတဲ့ ပေါင်မုန့်လေးတစ်ချပ်တောင် ဝယ်ခွင့်မရှိဘူး။
ဟို အထည်ကြီးပျက်တွေ လူ့ဘဝင်ရူးတွေကတော့
ပြောလည်း နားလည်မယ်မထင်ပါဘူး။
လစ်တော့ ... သူခိုးတွေ။
No comments:
Post a Comment