မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 3, 2016
တိုင်းဧရာ စည်ပင်ညွန်မှူး နှင့် အဖွဲ့ စစ်ဆေးခံနေရ ----- ----- -----
တိုင်းဧရာ စည်ပင်ညွန်မှူး နှင့် အဖွဲ့ စစ်ဆေးခံနေရ
----- ----- -----
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မင်းနိုင် နှင့် ပုသိမ်မြို့နယ် စည်ပင်သာယာရေ အဖွဲ့မှ ၀န်ထမ်းအချို့အား တစ်နှစ်အတွင်း ဘတ်ဂျက်မှ ငွေကြေးများကို မည်သို့
အသုံးပြုခဲ့သည်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံက သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအား စည်ပင်သာယာရေး ဦစီးဌာနမှ သုံးစွဲခဲ့မှု အသေးစိတ်ကို ပြန်လည်စစ်ဆေး နေခြင်းဖြစ်ကြောင်း သိရသည်။
“ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲ သုံးဦးကနေ ငါးဦးအထိပါတဲ့ အဖွဲ့နဲ့ စစ်မှာဖြစ်ပြီး ဌာနရဲ့ အသုံးစရိတ်တွေ၊ ဘယ်လိုသုံးစွဲခဲ့တယ် ဆိုတာတွေ ပြန်တင်ပြရမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး
ညွန်ကြားရေးမှူး ဦးခင်မောင်လေးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့သည် တစ်နှစ်
အတွင်း ကွန်ကရစ်လမ်းများ ခင်းခြင်း၊ မြို့များ စည်ပင်သာယာရေး သန့်ရှင်းလှပရေး ဆောင်ရွက်မှုများ၊ ပုသိမ်မြို့ ရေပေါ်ဈေး
တည်ဆောက်မှု၊ ကမ်းနားဈေး အဆင့်မြှင့်တင်မှုနှင့်
အဆင့်မြင့် ကုန်စည်ဒိုင် တည်ဆောက်မှုများတွင် ငွေကြေးများစွာ သုံးစွဲခဲ့ကြောင်း သိရှိရသည်။
ထိုသုံးစွဲမှုများတွင် မည်ကဲ့သို့ သုံးစွဲခဲ့သည်ကိုသိရှိလိုကြောင်း တိုင်ကြားခဲ့သဖြင့် ယခုကဲ့သို့ စစ်ဆေးခံနေရသည်ဟု ပုသိမ်မြို့ရှိ လူမှုရေးအဖွဲ့များက ခန့်မှန်းသည်။
“ ပုသိမ်မြို့မှာ ရှိတဲ့ လမ်းတွေ ကွန်ကရစ်ခင်းတာမှာ သုံးခဲ့တဲ့
ငွေကြေးတွေကိုပဲ စာရင်းဇယား တင်ပြရတာပါ။ တခြားကိစ္စတွေ
မပါပါဘူး။ ပြီးခဲ့တဲ့ ဘတ်ဂျက်ကို သုံးခဲ့တဲ့ စာရင်းဇယားတွေပါ” ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပြောသည်။
ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် နိုင်ငံတော်မှ အကောင်းဆုံးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အဖြစ် ပေးအပ်သည့်
ဆုကို ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် အဖွဲ့ဖြစ်သည်။
သတင်း - MMK
The Ladies News
No comments:
Post a Comment