မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, March 15, 2016
မိန်းမချော အပေါများဆုံးနိုင်ငံများ
မိန်းမချော အပေါများဆုံးနိုင်ငံများ
==============================
ကမ္ဘာကျော်မဂ္ဂဇင်းတစ်စောင်ဖြစ်သော ဟယ်လိုမဂ္ဂဇင်းသည် ကမ္ဘာပေါ်တွင် ချောမော လှသပသည့်အမျိုးသမီးများ အများဆုံးနေထိုင် သည့်နိုင်ငံများကို စာရင်းပြုစုခဲ့ရာတွင် တူရကီ နိုင်ငံသည် ကမ္ဘာပေါ်တွင် မိန်းမချောအပေါ ဆုံးနိုင်ငံဖြစ်သည်ဟု တွေ့ရှိခဲ့သည်။
တူရကီအမျိုးသမီးများသည် နိုင်ငံ၏ရေမြေ အနေအထားအရ လှပသောအသားအရေနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံများကို ပိုင်ဆိုင်ကြ သည်။ နေ့စဉ်စားသုံးသော အစားအစာများမှာ လည်း အသားအရေလှပမှုနှင့်ကျန်းမာရေးဆိုင် ရာအထောက်အကူပြုစေသော အကျိုးပြုမှုများ ဖြစ်ပေါ်စေခြင်းကြောင့် တူရကီနိုင်ငံသူများမှာ တခြားနိုင်ငံသူများထက် ပိုမိုသာလွန်သော လှပမှုကို ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု အလှအပ ရေးရာပညာရှင်များက သုံးသပ်ကြသည်။
တူရကီပြီးလျှင် မိန်းမချောအပေါဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရသည်မှာ ဘရာဇီးနိုင်ငံ ဖြစ်သည်။ ဘရာဇီးအမျိုးသမီးများသည်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်မျက်လုံးလှပမှုများကြောင့် ဆွဲဆောင်မှုမြင့်မားခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါစာရင်း၌ နံပါတ်(၃)နေရာတွင် ယူကရိန်း၊ နံပါတ်(၄)နေရာတွင် ရုရှား၊ နံပါတ်(၅) နရာ တွင် ဗင်နီဇွဲလားတို့က အစဉ်လိုက်ရပ်တည်ခဲ့ ပြီး အာရှနိုင်ငံများထဲမှ ဖိလစ်ပိုင်နိုင်ငံက အဆင့်(၁ဝ)တွင် ရပ်တည်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment