ဦးဟင်နရီ ဗန်ထီးယူ ( ဒုတိယသမ္မတ )
၁၇.၆.၂၀၀၉ ရက်နေ့တွင် နယူဇီလန်နိုင်ငံသို့ ထွက်ခွာ ( ပတ်စပို့နံပါတ် A-321604 )
၁၀.၅.၂၀၁၁ ရက်နေ့ မှစတင်ပြီး နယူးဇီလန်သို့ (၆) ကြိမ် သွားခဲ့
၁၅.၁.၂၀၁၅ ရက်နေ့တွင် မြန်မာပြည် ပြန်ရောက် ( ပတ်စပို့နံပါတ် M-413428 )
၁၇.၇.၂၀၁၅ ရက်နေ့တွင် NLD ပါတီဝင် စဖြစ်
၃.၂.၂၀၁၆ ရက်နေ့တွင် NLD ပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ
၁၅.၃.၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၂) ဖြစ်သွား
----- ----- ----- ----- ----- ----- ----- ----- -----
NLD ပါတီရဲ့ နောက်ကွယ်မှာ CIA နဲ့ MI6 ရှိနေသလား
----- ----- ----- ----- ----- ----- ----- ----- -----
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက NLD ပါတီမှ အမည်စာရင်းတင်ပြလာတဲ့ ဒုတိယ သမ္မတလောင်း ဦးဟင်နရီ ဗန်ထီးယူကို အခြေခံဥပဒေနဲ့  ကိုက်ညီမူ မရှိတဲ့အတွက် ကန့် ကွက်ခဲ့ပါတယ်။
ဗိုလ်ချုပ် သန်းစိုးတင်ပြတဲ့ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဆိုတဲ့ စကားလုံးအဓိပ္ပာယ် ဖွင့်ဆိုမူအပေါ် ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးကို မေးမြန်းပြီး အဆုံးအဖြတ်ခံဖို့ ဆိုတဲ့ ကိစ္စကို စိစစ်ရေးအဖွဲ့ က လက်မခံပဲ ပယ်ချခဲ့ပြီး ဦးဟင်နရီ ဗန်ထီးယူဟာ ဒုတိယ သမ္မတ အရည်အချင်းနဲ့ ကိုက်ညီတယ်လို့  ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီလို ဆုံးဖြတ်ချက်ဟာ လူများစုက NLD ပါတီဝင်တွေ ဖြစ်နေတဲ့ သမ္မတရွေးချယ်စိစစ်ရေးကော်မတီ တစ်ခုအတွက် အထူးအဆန်း မဟုတ်ပေမယ့် ဦးဟင်နရီ ဗန်ထီးယူ ဒုတိယသမ္မတ ဖြစ်လာတဲ့ ကိစ္စကတော့ အနည်းငယ် အံသြဖွယ် အချက်လေးတွေ ရှိနေပါတယ်။
ဦးဟင်နရီ ဗန်ထီးယူဟာ ၁၇.၆.၂၀၀၉ မှာ ပြည်ပကို ထွက်ခွာသွားခဲ့ပါတယ်။ ၁၅.၁.၂၀၁၅ တွင် Flight No. SQ 998 နဲ့  မြန်မာပြည်ကို ပြန်ရောက်လာပါတယ်။
ပြန်ရောက်ပြီး မကြာခင်မှာပဲ NLD ပါတီကို ၀င်ရောက်ခဲ့ပါတယ်။ နိုဝင်ဘာလတွင် ရွေးကောက်ပွဲဝင်ခဲ့ပြီး အခု မတ်လမှာ ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရတာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဒုတိယသမ္မတ တစ်ယောက်ဖြစ်ဖို့  အတော်ကြီး မြန်ဆန်လွယ်ကူတဲ့ အခြေအနေ အခွင့်အရေးကို ရခဲ့တယ်ဆိုတာတော့ သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ ရော ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ကိုယ်တိုင်ပါ ငြင်းဆန်လို့ ရနိုင်မယ်လို့ မထင်ပါဘူး။
သံသယဖြစ်စရာ ဟင်နရီဗန်ထီးယူရဲ့ သတင်းတွေကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အလွန်စိုးရိမ်မိပါတယ်။
ဟင်နရီဗန်ထီးယူကို ဒုသမ္မတ ရွေးချယ်ခံရချိန်မှာ လူအများက စိတ်ဝင်တစားနဲ့ လွှတ်တော်တရားဝင် စာမျက်နှာကို သွားရောက်ကြည့်ရှုခဲ့ကြပေမယ့် ဟင်နရီဗန်ထီးယူရဲ့ ကိုယ်ရေးအချက်များမှာ နိုင်ငံခြား မသွားဖူးဘူးဟု လိမ်ညာဖြည့်သွင်းထားတာ တွေ့ခဲ့ရပါတယ်။
အဲဒီနောက် မီဒီယာများနဲ့ လေ့လာသူတွေကြောင့် နိုင်ငံခြားကို အကြိမ်ကြိမ်ထွက်ပြီး ရွေးကောက်ပွဲကျင်းပမယ့် နှစ်မှ မြန်မာနိုင်ငံကို ပြန်လာတယ်ဆိုတဲ့ အကြောင်းတွေ ပြည်သူတို့ သိခဲ့ရပါတယ်။
ဦးဟင်နရီဗန်ထီးယူဟာ ပတ်စပို့နံပါတ် A-321604 နဲ့ ၂၀၁၁ မေလ ၁၀ ရက်နေ့ကစပြီး နယူးဇီလန်ကို (၆) ကြိမ်လောက် သွားခဲ့ကြောင်း ၊ ဇနီး ဒေါက်တာရွှေလွှမ်းနဲ့ သား/သမီးများအားလုံး နိုင်ငံခြားမှာ နှစ်ရှည်နေထိုင်ခဲ့ကြကြောင်း ၊ ၂၀၁၅ ခုနှစ်မှ မြန်မာနိုင်ငံကို ပြန်လာကြောင်း အထောက်အထားတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဇူလိုင်လမှာ NLD ပါတီဝင်ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လမှာ နိုင်ငံတော်ရဲ့ တတိယအမြင့်ဆုံး ဒုတိယသမ္မတ (၂) ရာထူးကို ရရှိသွားပါတယ်။
နိုင်ငံခြားကို အကြိမ်ကြိမ်ထွက်ခွာခဲ့ပြီး၊ လွှတ်တော်က ကိုယ်ရေးမှတ်တမ်းကို လိမ်ညာဖြည့်သွင်းကာ ဒုတိယသမ္မတရာထူး ယူသွားခြင်းက မရိုးသားခြင်းကို ထင်ရှားစေသလို နိုင်ငံကို အမြန်ပြန်လာခြင်း ၊ NLD ပါတီကို အမြန်ဝင်ခြင်းနဲ့ ဒုတိယသမ္မတ ဖြစ်သွားခြင်းတို့ဟာ CIA ရဲ့ ကြိုတင်စီမံမှု ဖြစ်နိုင်ကြောင်း အချို့က ခန့်မှန်းပြောဆို နေကြပါတယ်။
မနှစ်က ထုတ်ခဲ့တဲ့ မြန်မာတိုင်းမ်ဂျာနယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ဂျိုးဇက်ဖစ်ရှာကို ဗြိတိန်ထောက်လှမ်းရေးဖြစ်ကြောင်း ခန့်မှန်းဖော်ပြခဲ့ဖူးပြီး ဗြိတိန်သံအမတ်ကြီးကိုယ်တိုင်က ဂျိုးဇက်ဖစ်ရှာရဲ့ လက်ရှိလုပ်ဆောင်မှုများကို သံရုံးက တာဝန်မယူကြောင်းနဲ့ လစာမဲ့ခွင့် ပေးထားကြောင်း ဖြေရှင်းခဲ့ရပါတယ်။
ဂျိုးဇတ်ဖစ်ရှာဟာ ဗြိတိန်ထောက်လှမ်းရေး ပြည်ပရေးရာဌာန MI6 က ဆိုပြီး ခန့်မှန်းမှုများ အပေါ်မှာတော့ ဗြိတိန်ဘက်က ဖြေရှင်းတာမျိုး မရှိခဲ့ပါဘူး။
ဗြိတိန် MI6 က စပိုင်တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာ့လွှတ်တော်ထဲမှာ ရုံးထိုင်နေခြင်းကြောင့် ရတက်မအေး ဖြစ်နေရချိန်မှာပဲ CIA ရဲ့ Cell ဆိုတဲ့ ဦးဟင်နရီ ဗန်ထီးယူက ဒုတိယသမ္မတ ဖြစ်လာတာကြောင့် မြန်မာနိုင်ငံသားတို့ ထပ်မံ စိုးရိမ်နေရပြန်ပါတယ်။
နှစ်ယောက်စလုံးက နိုင်ငံတော်၏ အရေးပါတဲ့နေရာတွေမှာ ရောက်ရှိနေတာကြောင့် အမိမြေ လုံခြုံရေးအတွက်လည်း အထူးစိုးရိမ်မိပါတယ်။
NLD ပါတီတွင်းကလာတဲ့ သတင်းတွေအရ ပါတီထိပ်ပိုင်းခေါင်းဆောင် အနည်းငယ်ကလွဲပြီး ကျန်ပါတီဝင် အကုန်လုံးနီးပါးကလည်း ဂျိုးဇက်ဖစ်ရှာနဲ့ ဦးဟင်နရီ ဗန်ထီးယူကို ပြည်သူများနည်းတူ သံသယရှိနေကြတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက မြန်မာလွှတ်တော်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်ခဲ့တဲ့ ဂျိုးဇက်ဖစ်ရှာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ နိုင်ခဲ့တာကြောင့် နောက် (၅) နှစ်လုံးလုံး မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေးကဏ္ဍကို စိတ်ကြိုက် မွှေနောက်နိုင်တော့မှာ ဖြစ်ပါတယ်။
အလားတူ ဦးဟင်နရီ ဗန်ထီးယူကလည်း NLD ပါတီဝင်ဖြစ်တာ လပိုင်းသာ ရှိသေးပေမယ့် မတ်လကုန်ကစပြီး အစိုးရအဖွဲ့အတွင်း ၊ သမ္မတရုံးအတွင်းနဲ့ ဝန်ကြီးဌာနများအတွင်း တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်တဲ့ ဒုတိယသမ္မတ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အများယူဆထားသလို CIA နဲ့ MI6 ကဆိုတာ သေချာပါက မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင် နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့အတွက် အလွန်အန္တရာယ်ကြီးပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် CIA နဲ့ MI6 စိမ့်ဝင် ထိုးဖောက် ဝင်ရောက် မွှေနောက်မှုများကြောင့် နိုင်ငံပျက်ခြင်း ၊ ပြည်တွင်းစစ် ဖြစ်ခြင်း ၊ သွေးထွက်သံယို ဆန္ဒပြပွဲများနဲ့ အမျိုးမျိုးသော နိုင်ငံရေးအကြပ်အတည်းများ ဖြစ်ခြင်းတို့ကို ရင်ဆိုင်နေကြရပါတယ်။
၎င်းတို့ နှစ်ဦး NLD ပါတီအတွင်းသို့ စိမ့်ဝင်လာခြင်းနှင့် နိုင်ငံတော်၏ အဓိကမဏ္ဍိုင်များကို ထိန်းချုပ်နေခြင်းတို့အား ပြည်သူတစ်ရပ်လုံး သိထားသင့်ပြီး
တစ်ဖက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အများကြီး ခြိမ်းခြောက်လာနိုင်တဲ့အတွက် သံသယဖြစ်ဖွယ် ထိုပုဂ္ဂိုလ်များကို သတိကြီးစွာ စောင့်ကြည့်သင့်ပါကြောင်း စိုးရိမ်စွာနဲ့ ထပ်လောင်း သတိပေး နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။
( နိုင်မြင့်တင် )
https://www.facebook.com/aunghtut.thet.16/posts/450280808501451
https://www.facebook.com/photo.php?fbid=897595450353351&set=a.127107237402180.24229.100003087144846
No comments:
Post a Comment