Tuesday, March 15, 2016

"ပြည်ထောင်စုဝန်ကြီးဌာနအမည်နှင့် အရေအတွက်များကို လာမည့် မတ်လ ၁၇ ရက် တွင် လွှတ်တော်သို့ တင်ပြမည

UPDATE News >>>> "ပြည်ထောင်စုဝန်ကြီးဌာနအမည်နှင့် အရေအတွက်များကို လာမည့် မတ်လ ၁၇ ရက် တွင် လွှတ်တော်သို့ တင်ပြမည် " ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို လာမည့် မတ်လ ၁၇ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်၍ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်၊အမည်နှင့် ပြည်ထောင်စုဝန်ကြီးအရေအတွက်တို့ကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ တင်ပြမည် ဖြစ်သည်။ အဆိုပါ တင်ပြချက်များကို လာမည့် မတ်လ ၁၈ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment