Sunday, March 6, 2016

ဖေ့စ်ဘုတ်ဆိုတာကြီးကို မက်ဇူကာဘတ် ဆိုတဲ့ကောင်လေးက စတင်တီထွင်လိုက်သည်။

ဖေ့စ်ဘုတ်ဆိုတာကြီးကို မက်ဇူကာဘတ်
ဆိုတဲ့ကောင်လေးက စတင်တီထွင်လိုက်သည်။
သူတို့နိုင်ငံမှာ အရမ်းအောင်မြင်သွားသည်။
တခြားနိုင်ငံတွေကလည်း အားပေးကြ၏။
ဒီလိုနဲ့ ဖေ့စ်ဘုတ်ဆိုတာကြီးက မြန်မာပြည်
ကိုလည်းကူးစက်ရောဂါကြီးလိုရောက်လာ
ခဲ့သည်။

မြန်မာပြည်ရောက်တော့ ဖေ့စ်ဘုတ်ကြီးက
ပုံစံတစ်မျိုးပြောင်းသွားသည်။

(၁)
တချို့ လူတွေအတွက် အောင်သွယ်တော်
ဖြစ်သွားသည်။

Hi..! မမ နေကောင်းလား စားပြီးပြီလား
ဘယ်မှာနေတာလဲ အရမ်းလှတယ်နော်

ခ်ခ်..လာမြောက်နေပြန်ပြီ ဘာကျွေးရမလဲ
ခ်ခ် မမက တာမွေကပါ ခ်ခ် မောင်လေးကရော
..............ဒီလိုနဲ့................

(၂)
တချို့သူတွေအတွက် သတင်းစာဖြစ်သွား
သည်။

ဟာ..! မီးတွေလောင်ပြန်ပြီဟေ့

ဟယ်..!  ရေတွေကလည်း ကြီးလိုက်တာ

အို...! မှုန်တိုင်းရှိတယ်တဲ့...

ဟင်...!  ငလျှင်လှုပ်သွားတယ် ဆိုပါလား..

(၃)
တချို့သူတွေအတွက် ကလောင်စမ်းရာ
နေရာဖြစ်သွားသည်။

နှလုံးသားနုနုမှာ သွေးခြေတွေ ဥ နေပါပြီ
အမွှေးသပ်ခံထိတဲ့ ဘူးသီးလို ကျွန်တော်
အရူးကြီး ဖြစ်နေပြီ....။
Felling-ကျော့ကဗျာလေးကိုဝေဖန်ပေးကြပါဦး

(၄)
တချို့သူများက စိတ်ဖြေရာ နေရာအဖြစ်
အသုံးချကြသည်။

ဟာ...! GTC စုံတွဲ ဆိုပါလား..

မိုးဟေကို ကွ မိုးဟေကို အစစ်

သဇင်ကား အသစ်ထွက်တယ်တဲ့ကွ

(၅)
တချို့ကတော့ တရားသမားယောင်ဆောင်ကြ
သည်။

"မင်္ဂလာနံနက်ခင်းလေးပါ လုံးစုံများစွာ
သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ"

"မင်္ဂလာညချမ်းလေးပါ နှစ်သက်ကြည်သာ
အိပ်စက်နိုင်ကြပါစေကုန်သတည်း။"

(၆)
တချို့ကတော့ အလှအပကို ထုတ်ပြကြသည်

"Piggy မလေးဖြစ်နေပြီ ခင်ရင်မန့်ခဲ့ကြ"

"ကျော့ဆံပင်ကေ ချိန်းလတ်ပြီ ဘိုနေလဲ
ကျောကြိကြိ"

"ရုပ်ဆိုးမလေးပါ ခင်ရင် တစ်ယောက်ကို
၅ ခုစီလောက်မန့်ခဲ့..အဟင့်"

(၇)
တချို့ကတော့ ပတ်ဝန်းကျင်နဲ့အဆင်မပြေတာ
တွေကို ပေါက်ကွဲပြသည်။

"ယီးဖဲကွာ မပြောချင်လို့ကြည့်နေတာ
ငိုးမတားတွေ အကောင်းမထင်နက်
ဘုမှ စောက်ဂုမစိုက်ဘူး"

"ဟိုကောင်မ ငါ့wallကိုနင်လာချောင်းနေတာ
ငါမသိဘူး ထင်လို့လား ရုပ်ကိုက အနူAကိုက်
နေတဲ့ ရုပ်နဲ့"

(၈)
တချို့ကတော့ ရှိသမျှ ထုတ်ကြွားကြသည်

"ဖေဖေ ဝယ်ပေးတဲ့ iphone လေးနက်
Mirror Selfie ပေါ့ ခိခိ"

"ကုန်ပြီ မုန့်ဖိုးစုထားတာလေးတွေကုန်ပြီ
အရမ်းကြိုက်လွန်းလို့ ဒီပြိုင်ကားလေးကို
သိန်း၆၀၀ နဲ့ဝယ်လိုက်ပြီဗျာ မနေနိုင်တော့ဘူး
ဟူး......"

(၉)
တချို့ကတော့ ပညာရှာလေ့လာကြသည်

"အကိုတို့ရေ porn ကားတွေ down လို့ရတဲ့
Apk လေး ပေးကြပါဦး"

"အချစ်လူဆိုးကြီး ဆိုတဲ့ ဆော့ဝဲလေး ပျက်
သွားလို့ link ချပေးကြပါ...plz..."

(၁၀)
တချို့ကတော့ နိုင်ငံရေးသုံးသပ်ချက်တွေ
အပြန် အလှန် ဆွေးနွေးကြသည်။

"မင်းတို့ကဘောမတွေ စစ်ခွေးတွေ ငိုးမသား"

"မင်းတို့ကမှ အဖုတ်သတွေ တစ်ဖက်ပိတ်တွေ
ထမိန်ခြုံတွေ ယီးဖဲဟျောင့်"

"ဟျောင့်သတ္တိရှိရင် ငါတို့မနေတဲ့ဘောနဲ့
မင်းတို့သနေတဲ့ သဖုတ်နဲ့ one by one ချမား"

(၁၁)
တချို့ကတော့ စောက်လုပ်မရှိစောက်လုပ်
ရှာကြသည်။(Meme)

"အဆိုတော်၊သရုပ်ဆောင်၊စာရေးဆရာ
ကဗျာဆရာ၊ဒါရိုက်တာ အကုန်လုပ်သည်
တစ်ခုမှမကောင်းပဲ အောင်မြင်သည်"
                  စိုင်းစိုင်းခမ်းလှိုင်

"အောင်မြင်မှူကိုအချိန် အကြာကြီး ထိမ်းထားနိုင်တယ်ဆိုတာကို
စောက်ပိန်းတွေ သိအောင်ပြောပြလို့မရဘူး"

(၁၂)
တချို့ကတော့  online shopping
စီးပွားရေး လုပ်ကြသည်။

"ဘာလိုလဲ ဘာရှာလဲ မေးကြည့်လေ...
မြွေပွေးလား မြွေဟောက်လား စပါးကြီးလား
ငန်းတော်ကြားလား ဆိုင်မှာလာကိုင်ကြည့်
လို့ရပါတယ်။"

"ဒါကတော့ အမွှေးသန်တဲ့ဆေးပါ
ဒါကတော့ အမွှေးပြောင်တဲ့ဆေးပါ
နှစ်ခုလုံးရောလိမ်းရင် ပိုက်ဆံကုန်ပါမယ်"

(၁၃)
တချို့သူတွေက ယောင်လည်လည်ဖြစ်
ကုန်ကြသည်။

"ပုပ္ပါးကိုရောက်နေပါပြီရှင့်"

"ငွေဆောင်သွား အမှတ်တရ"

"ကျိုက်ထီးရိုး ရောက်ဖို့ ၅ မိုင်အလို"

(၁၄)
တချို့သူတွေက ပညာကို အသုံးချပြီး
ဝင်ငွေရှာဖွေကြသည်။

"မင်းပုံတွေ ငါsaveထားတယ် sax page
မထောင်စေချင်ရင် ph bill ၂သောင်းပေးပါ"

"မင်းအကောင့်ကို ငါ hack လိုက်ပြီ
Chat list တွေ public မချပြစေချင်ရင်
၂ သိန်းနဲ့ ပြန်ရွေးပါ"

(၁၅)
အဲ..နောက်ဆုံးတစ်မျိုးကတော့
အပေါ်ကပြောသမျှတွေကို အကုန်နီးပါး
လုပ်ပြီး ဆရာကြီးစတိုင်နဲ့ သူများကို
စောက်ဖောင်းထုတက်သူ။

Credit To လင်းညီညာ

မြန်မာပြည်သူ/ ပြည်သားတွေရဲ့ ဖေ့ဘုတ် သုံးစွဲနည်းက ကောင်းကျိုးထက် ဆိုးကျိုး ဖက် ပိုရောက်စေပါတယ်။
HDD

No comments:

Post a Comment