Thursday, March 3, 2016

"တပ်မတော် ဘာ့ကြောင့်နိုင်ငံရေးထဲပါနေရသလဲ"

"တပ်မတော် ဘာ့ကြောင့်နိုင်ငံရေးထဲပါနေရသလဲ"
==================================

ပို့စ်တစ်ခုမှ မေးမြန်းလာသည့် မေးခွန်းအချို့ကို ပြန်လည်
ဖြေကြားခြင်းဖြစ်ပါသည်။

၁။ တပ်မတော်သည် နိုင်ငံရေးတွင် မလွှဲမရှောင်သာ ပါဝင်
နေရခြင်းဖြစ်ပါသည်။ ကျွန်တော်မကြာခဏပြောသလို တပ်
မတော်သားများ၏ စရိုက်သဘာဝမှာ ကျောပူသာခံချင်၍
နားပူမခံလိုသူများဖြစ်ပါသည်။

၂။ ရွေးကောက်ပွဲအနိုင်ရပါတီ၏ ရာခိုင်နှုန်းနှင့်ပတ်သက်၍
အငြင်းမပွားလိုပါ။ သို့သော် ၁၉၄၈/ ၄၉ တွင် ရွေးကောက်ပွဲ
ပင်ကျင်းပနိုင်ခြင်းမရှိသေးပါ။ ၁၉၅၂ ခုနှစ်တွင်မှ ရွေးကောက်
ပွဲကျင်းပနိုင်ခဲ့ပါသည်။

မည်သူ့ကိုမျှ မရွေးကောက်မီအချိန်မျိုးမှာတင် အာဏာဖြတ်
လမ်းကလိုချင်သောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များလည်းရှိ
ပါသည်။ ၁၉၅၂ နောက်ပိုင်းရွေးကောက်ပွဲတွင်လည်း ပြည်
သူအများစုရွေးချယ်ထားသည့်ပါတီက နိုင်ငံကို မထိန်းသိမ်း
နိုင်ခဲ့ပါ။

၃။ မြန်မာလူမျိုးအားလုံး၏ စိတ်ဓာတ်သည် ယေဘုယျအားဖြင့်
သူတလူငါတစ်မင်း၊ တစ်ဗိုလ်တစ်မင်းနှင့်နေရသည်ကို အလွန်
နှစ်ခြိုက်ပုံရပါသည်။

ဒီမိုကရေစီကျင့်စဉ်များနှင့် ကျင့်သားမရသေးပါ။ သို့ဖြစ်၍ တပ်
မတော်သည် ကာလအတိုင်းအတာတစ်ခုအထိ နိုင်ငံရေးတွင်
မပါဝင်ချင်သည့်တိုင်အောင် ပါဝင်ပတ်သက်နေရဦးမည်သာ
ဖြစ်ပါသည်။

၎။ တပ်မတော်သားများကို ပြည်သူအချို့အမြင်မကြည်လင်မှု
နှင့်ပတ်သက်၍ ပြောလိုသည်မှာ အချို့ကိစ္စများသည် စစ်ခေါင်း
ဆောင်အချို့၏ ကိုယ်ကျိုးရှာအလွဲသုံးစားမှုကြောင့်ဖြစ်ပြီး အချို့
ကိစ္စများမှာမူ သမိုင်းကြောင်းဆိုင်ရာကံဆိုးမှုအရဖြစ် လာရ
ခြင်းဖြစ်သည်ဟု မြင်ပါသည်။

၅။ တပ်မတော်ပိုင် ဦးပိုင်နှင့်ပတ်သက်၍ ထဲထဲဝင်ဝင် မသိ
သော်လည်း စစ်ရေးအသုံးစရိတ်လိုပါက အစိုးရထံဘတ်ဂျက်
တောင်းခံသည့်နည်းလမ်းတစ်ခုတည်းဖြင့် လက်ရှိအချိန်တွင်
မဖြစ်နိုင်သေးဟု မြင်ပါသည်။

တရုတ်၊ ပါကစ္စတန်တို့တွင်လည်း စစ်တပ်ပိုင် စီးပွားရေးလုပ်
ငန်းများစွာရှိပါသည်။ ထိုလုပ်ငန်းတို့မှာ စစ်တပ်၏လိုအင်ဆန္ဒ
ကို လွှတ်တော်က အလုံးစုံမဖြည့်ဆည်းပေးနိုင်သည့်အခါ စစ်
ဆင်ရေးဆောင်ရွက်မှုများ ဘတ်ဂျက်ကြောင့် နှောင့်နှေးကြန့်
ကြာခြင်း၊ အနှောက်အယှက်ဖြစ်လောက်သည်အထိ သဘော
ဆန္ဒများကွဲပြားနေခြင်းတို့ကို ထေမိ၊ ကာမိစေရန် ဆောင်ရွက်
ထားသည့် အစီအစဉ်တစ်ခု ဟု မြင်ပါသည်။ မြန်မာနိုင်ငံလို
နိုင်ငံရေးမတည်ငြိမ်သေးသည့် တိုင်းပြည်အနေဖြင့် ပို၍ပင်
မဖြစ်နိုင်သေးသည့် ကိစ္စဖြစ်ပါသည်။

ဥပမာတစ်ခုပြောပါမည် - KIA နှင့် အကြီးအကျယ်တိုက်ပွဲဖြစ်
သည်ဆိုပါစို့။ ကချင်အမျိုးသားထဲမှ KIA လိုလားသည့် လွှတ်
တော်အမတ်များအနေဖြင့် ထိုသို့အရေးကြီးသည့် စစ်ဆင်ရေး
ကာလတွင် လွှတ်တော်ကိုအသုံးချ၍ တပ်မတော်စစ်ရေးအသုံး
စရိတ်ကို ဖြတ်တောက်ခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ လုံးဝခွင့်
မပြုခြင်း စသည့် ဆောင်ရွက်မှုများဖြင့် တစ်ဘက်လက်နက်
ကိုင်အဖွဲ့အစည်းဘက်က သေနတ်မကိုင်ဘဲ သေနတ်ကိုင်
သည်ထက် ထိရောက်သော အတွင်းတိုက်ပွဲဖြင့် တပ်မတော်
ကို ထိုးနှက်တိုက်ခိုက်လာနိုင်ပါသည်။

ဤနေရာတွင်ပြောလိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များ၏ လိုလားချက်ကို ခွင့်ပြုဖြည့်ဆည်းပေးလိုက်ပါက
မြန်မာ့နိုင်ငံရေး အခက်အခဲပြေလည်သွားမည်ဟု လက်လွတ်
စပယ်ပြောဆိုသူအချို့ရှိပါသည်။

လက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် မြန်မာ့ဒီမိုကရေစီ
အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် အလေးထားခြင်း
မရှိသည်ကို မျက်စိဖွင့်နားစွင့်ထားပါက သိနိုင်ပါသည်။

လက်ရှိလမ်းကြောင်းများ ဆွေးနွေးတိုင်ပင်ညှိနှိုင်းဆဲလမ်းကြောင်း
ပေါ်မှာသာလျှင် ရှိသေးပါသည်။ လက်လွတ်စပယ် စာအုပ်ကြီးအ
တိုင်းလုပ်၍မရပါ။

ပါကစ္စတန်တွင် ရွေးကောက်ပွဲမှတက်လာသည့် လွှတ်တော်
အမတ်များသည် ပါကစ္စတန်တပ်မတော်၏ စီးပွားရေးလုပ်ငန်း
များနှင့်ပတ်သက်၍ သွားမထိပါ။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းကာ
လကတည်းက အရပ်ဘက်ကုမ္ပဏီများလို ဦးပိုင်က အခွန်စ
တင်ထမ်းဆောင်နေပြီဖြစ်ကြောင်းသိရပါသည်။

၆။ တပ်မတော်ကို ခြောက်ပစ်ကင်းသဲလဲစင်ကောင်းပါသည်
ဟု ပြောရလောက်အောင် ကျွန်တော်သတိမလွတ်သေးပါ။
သို့သော် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ တပ်မတော်
၏ ကဏ္ဍကို အတင်းဖယ်ထုတ်၍ မဖြစ်နိုင်ပါ။

၇။ အကြံပေးလိုသည်မှာ သမိုင်းကိုလေ့လာရာတွင် နှစ်ဘက်
အမြင်များကိုလေ့လာစေချင်ပါသည်။

ကျွန်တော်စစ်သားဘဝက မဆလခေတ်ဖြစ်ပါသည်။ ယခုအချိန်
ကဲ့သို့ ရေးချင်သလို ရေးလို့မရပါ။ သို့ဖြစ်၍ တောထဲတောင်ထဲ
သူပုန်စခန်းတိုက်ပြီး သိမ်းဆည်းရမိသော စာရွက်စာတမ်းများ၊
ဝါဒဖြန့်စာများကို ဖတ်ရှုပါသည်။ သို့သော် ကျွန်တော် သူပုန်ဖြစ်
မသွားပါ။

နှစ်ဘက်အသံကို မျှမျှတတ နားထောင်မှသာ သမိုင်းကို ဘက်
မျှစွာလေ့လာသည်ဟုယုံကြည်ပါသည်။

တပ်မတော်၏ စိုးရိမ်ပူပန်မှုကို လေ့လာလိုလျှင်တပ်မတော်
သမိုင်း၊ မြန်မာ့သမိုင်းနှင့်ပတ်သက်၍ နှစ်ဘက်ရေးသားချက်
များကို ဖတ်ရှုလေ့လာသင့်ပါကြောင်း အကြံပြုလိုပါသည်။

ရဲကျော်သူရ

No comments:

Post a Comment