အင်စတာဂရမ်မှာ သူမနောက်ဆုံးတင်လိုက်တဲ့ ဘီကီနီပုံထဲမှာ ဘရစ်တနေရဲ့ ကိုယ်လုံးလေးက အမိုက်စား ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နေပူစာလှုံနေတဲ့ ဘရစ်တနေရဲ့ ဘီကီနီဓာတ်ပုံဟာ အင်စတာဂရမ်မှာ Like တစ်သိန်း ခုနစ်သောင်း ရရှိပြီးတဲ့နောက် သူမရဲ့ Follower တချို့က အဲဒီဓာတ်ပုံကိုဟာ အစစ်မဖြစ်နိုင်ဘူးလို့ စွပ်စွဲလာကြပါတယ်။
ဘရစ်တနေဟာ သူမရဲ့ ကောက်ကြောင်း ပိုမိုပေါ်လွင်စေဖို့ ဖိုတိုရှော့ကို သုံးထားတယ်လို့ ဝေဖန်လိုက်ကြပါတယ်။
"ကျောအောက်မှာ လွတ်နေတဲ့နေရာမှာ ကျောက်တုံးရှိသင့်တယ်။ ရေမဖြစ်သင့်ဘူး။ ဖိုတိုရှော့နဲ့ ပြင်ထားတာ သိသာလွန်းတယ်" လို့ တစ်ဦးက ဆိုလိုက်ပါတယ်။
"ဒီပုံကို အစစ်လို့ မထင်ဘူး။ သူမ လှနေပါတယ်။ ဒါပေမဲ့ ရေကူးရဲ့အနားသပ်က တစ်ခုခုမှားနေသလိုပဲ" လို့ နောက်တစ်ဦးက ပြောထားပါတယ်။
"သူမရဲ့ ကျောအောက်ကို ဖိုတိုရှော့နဲ့ ပြင်ထားတယ်။ ရေကူးကပ်ရဲ့အနားသပ်က ဘယ်ရောက်သွားလဲ" လို့လည်း တစ်ဦးက မေးထားပြန်ပါသေးတယ်။
Source & Photos : Daily Mai
No comments:
Post a Comment