Monday, March 14, 2016

တင်ကြီးလို့ အပယ်ခံခဲ့ရတဲ့ မော်ဒယ်

အစ်ကရာလောရန့်ရဲ့ တင်ပါးတွေက ကြီးလွန်းလို့ Victoria's Secret ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ ဆိုပြီး သူမ အသက် ၁၆ နှစ်အရွယ်မျာ အေဂျင်စီက သူမကို ငြင်းဆန်ခဲ့တာ ခံခဲ့ရဖူးပါတယ်။


အခုတော့ သူမဟာ Aerie တံဆိပ် ဆယ်ကျော်သက်အတွင်းခံတွေရဲ့ တရားဝင်အသိအမှတ်ပြု မော်ဒယ်ဖြစ်လာပါပြီ။


အသက် ၂၅ နှစ်အရွယ် အစ်ကရာဟာ မနှစ်က လိမ္မော်ရောင်ဘီကီနီဝတ်ထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးတဲ့နောက် နာမည်ကြီးသွားခဲ့တာဖြစ်ပြီး အခုဆိုရင် Follower တစ်သန်း ရှိနေပါတယ်။


အစ်ကရာက Aerie ရဲ့ ပင်တိုင်မော်ဒယ်ဖြစ်ရတာကို ဂုဏ်ယူနေပြီး မိန်းကလေးတွေ ကိုယ့်ကိုကိုယ် သဘောကျနှစ်ခြိုက်တဲ့ ခံစားချက်ရအောင် ကူညီပေးချင်တယ်လို့ ဆိုပါတယ်။


Source & Photos : Mirror


No comments:

Post a Comment