ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်းဟာ သန့်ရှင်းစိတ်ချရတဲ့ ရေမရရှိနိုင် ဖြစ်နေဆဲပါ။
မတ်လ ၂၂ ရက်ကို ကမ္ဘာ့ရေအရင်းအမြစ်နေ့ (World Water Day) အဖြစ် သတ်မှတ်ထားပါတယ်။
သန့်ရှင်းတဲ့ရေ အရေးပါမှုနဲ့ ရေအရင်းအမြစ် ရေရှည်ထုတ်ယူနိုင်ရေး အလေးထား ကာကွယ်စောင့်ရှောက်ရန် လှုံ့ဆော်မှုအဖြစ် ကမ္ဘာ့ရေအရင်းအမြစ်နေ့အဖြစ် သတ်မှတ်ဆောင်ရွက်တာ ဖြစ်ပါတယ်။
သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိနိုင်မှုက ကမ္ဘာ့လူသားတွေရဲ့ ကျန်းမာရေးအတွက် အလွန် အရေးပါပါတယ်။
ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်းဟာ သန့်ရှင်းစိတ်ချရတဲ့ ရေ မရရှိဘဲ နေထိုင်ရပြီး ၎င်းတို့ဟာ ရောဂါကူးစက်မှုနဲ့ အရွယ်မတိုင်မီ သေဆုံးမှု အန္တရာယ်တွေ ရင်ဆိုင်နေကြရပါတယ်။
မသန့်ရှင်းတဲ့ ရေကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်ကာ ကမ္ဘာတစ်ဝန်းမှာ နေ့စဉ် အသက် ၅ နှစ်အောက် ကလေးငယ် ၉၀၀ သေဆုံးနေရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂ ခန့်မှန်းမှုအရ ၂ မိနစ်မှာ ကလေးတစ်ယောက်နှုန်း သေဆုံးနေတာ ဖြစ်ပါတယ်။
ဒါ့ပြင် မသန့်ရှင်းတဲ့ ရေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ တစ်မိနစ်လျှင် ကလေးတစ်ယောက်နှုန်း သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ယခုနှစ် ကမ္ဘာ့ရေအရင်းအမြစ်နေ့ ဆောင်ပုဒ်က ရေနဲ့အလုပ်အကိုင်ကို အဓိက ညွှန်းဆိုထားပြီး ရေအရင်းအမြစ်ဟာ ကောင်းမွန်တဲ့ အလုပ်အကိုင် ဖန်တီးနိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် တိုးတက်မှုကို ဖြစ်စေနိုင်ကြောင်း ဖော်ညွှန်းလိုတာ ဖြစ်ပါတယ်။
ယခု သတင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေက သန့်ရှင်းစိတ်ချရတဲ့ ရေရရှိမှုဟာ လူသားတွေအတွက် အလွန် အရေးပါကြောင်းနဲ့ ကမ္ဘာပေါ်ရှိ လူ ၁၀ ဦးမှာ တစ်ဦးဟာ သန့်ရှင်း စိတ်ချရတဲ့ ရေမရရှိနိုင် ဖြစ်နေဆဲ အခြေအနေကို ထင်ဟပ် ပေါ်လွင်စေပါတယ်။
၂၀၁၆ ခုနှစ်မှာ ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း ပူးပြင်းခြောက်သွေ့ပြီး ရေရှားပါးပြတ်လပ်မှုတွေ ယခင်နှစ်များကထက် ပိုမို တွေ့ကြုံနေရပါတယ်။
Source & Photo: IBTimes
No comments:
Post a Comment