မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, March 2, 2016
တောင်ကြီးတွင် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွား နှစ်ဦးသေဆုံး ရှစ်ဦး ဒဏ်ရာရရှိ
တောင်ကြီးတွင် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွား နှစ်ဦးသေဆုံး ရှစ်ဦး ဒဏ်ရာရရှိ
Wednesday, March 2, 2016
၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့ ညနေ၂း၀၀ အချိန်ခန့်က တောင်ကြီး မြို့ ကျောင်းကြီး စုရပ်ကွက် နယ်မြေ ၁၂ အောင်မြေ လမ်းသွယ် ၂ တွင် တည်ရှိသော ခြံအတွင်း အုတ်တံတိုင်း ပြိုကျခဲ့ပြီး လူ၂ ဦးသေဆုံး ပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ယင်းသို့ ပြိုကျပြီးနောက် အလုပ်သမား ၂ ဦး ဖြစ်ပွားရာနေရာ တွက် မြေ ပိသေ ဆုံးခဲ့ပြီး ကျန်ရှိ ၈ဦး ကို စ၀်စံထွန်းဆေး ရုံကြီး သို့ပို့ဆောင် ခဲ့ပြီး ၅ဦးမှာ အရေးပေါ်ကုသနေကြောင်းနှင့် ၃ ဦးမှာ အရိုးဆောင်တွင် ကုသမှုခံယူနေရကြောင်း တာဝန်ရှိသူ က ပြောသည်။
မြေပြိုပြီးနောက်တွင် အလောင်းအား ပြန်လည်ဖော်ထုတ်ရာတွင် တစ်ဦးအား ရပ်မိရပ်ဖနှင့် မြို့နယ်ရဲတပ်ဖွဲ့များက ၀ိုင်းဝန်းဖော် ထုတ်ခဲ့ပြီး ကျန်ရှိတစ်ဦးကို ညနေ၃း၀၀ အချိန်၌ မီးသတ်တပ်ဖွဲ့နှင့် အတူ ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။
အုတ်တံတိုင်းပြိုကျသည့်အချိန် တွင် " အုတ်တံတိုင်းရဲ့အပေါ် ဘက်မှာ ကျောက် သဲတွေ ပုံထားတယ်။ ပြီးတော့ရေကန်ရယ် အ၀ီစိတွင်း တူးထားတာတွေရှိပါတယ်။အဲ့အရှိန်တွေနဲ့မခံနိုင် ပဲ ပြိုကျခဲ့တာလို့ထင် ပါတယ်"ဟု ဒေသခံတစ်ဦးက ထင်မြင်သုံး သပ်ခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ က ရဲမှူးချုပ် အောင်အောင် ဦးဆောင် သည့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ကြည့်ရှုပြီး ဖြစ်စဉ် များ ကို ခြံပိုင် ရှင်အား မေးမြန်းခဲ့ပြီးနောက်တွင် ဥပဒေ လုပ်ထုံးလုပ်နည်းတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါကိစ္စများကို ရပ်မိရပ်ဖများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ၊ မီးသတ် တပ်ဖွဲ့ မှ မြို့နယ် ဦးစီးမှူး ဦးကျော်ကိုကိုနှင့် အဖွဲ့ဝင်များက ၀ိုင်းဝန်းကူညီဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
YH
#Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment