Tuesday, March 22, 2016

ကင်မ်ကာဒါရှီယန်က သူမရဲ့ကိုယ်လုံးတီးပုံကို အားပေးခဲ့တဲ့ အမ်မလီ့ဆီ ပန်းစည်းပို့

တခြားဆယ်လီတွေက ကင်မ်ကာဒါရှီယန်ရဲ့ ကိုယ်လုံးတီးပုံကို ကဲ့ရဲ့နေချိန်မှာ အမ်မလီက သူမဘက်မှာ ရှိနေပါတယ်။
play

မော်ဒယ်မင်းသမီး အမ်မလီရက်တက်ကောင်းစကီက ကင်မ်ကာဒါရှီယန်ရဲ့ ကိုယ်လုံးတီးဆယ်ဖီပုံကို အားပေးကြောင်း လူသိရှင်ကြား ကြေညာလိုက်ပြီးတဲ့နောက်မှာ ကင်မ်က အမ်မလီ့ဆီကို ပန်းစည်း ပို့ခဲ့ပါတယ်။
play

ဆယ်လီအတော်များများက ကင်မ်ရဲ့ ဆယ်ဖီပုံနဲ့ ပတ်သက်ပြီး ရှုံ့ချပြောဆိုတဲ့ စကားတွေ ထွက်ပေါ်လာတဲ့နောက်မှာ အမ်မလီက ကင်မ်ဘက်က ကာကွယ်ပြောကြားခဲ့တာပါ။
play

"ကိုယ်လုံးတီးပုံတစ်ပုံတင်ဖို့ မိန်းမတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အပေါ် ယောက်ျားတစ်ယောက်က မှတ်ချက်ပေးတာ သဘောကျတယ်။ အရမ်းဆက်စီကျတာပဲ @ကင်မ်ကာဒါရှီယန်" လို့ အမ်မလီက တွစ်တာမှာ ရေးသားခဲ့ပါတယ်။
play

ပန်းစည်းလက်ခံရရှိပြီးတဲ့နောက် အမ်မလီက ပန်းတွေကို ဓာတ်ပုံရိုက်တင်းရင်း "ပန်းလှလှလေးတွေနဲ့ စာတိုလေးပို့လိုက်တဲ့အတွက် ကျေးဇူးပါ..ကင်မ်ကာဒါရှီယန်.. မိန်းမတွေအနေနဲ့ သူတို့ရဲ့ စွဲဆောင်နိုင်မှုနဲ့ ခန္ဓာကိုယ်ကို ဖော်ပြခွင့်ရှိဖို့ဆိုတာ အရမ်း အရေးကြီးပါတယ်" လို့ အမ်မလီက ရေးသားခဲ့ပါတယ်။
Source & Photos : Mirror

No comments: