Tuesday, March 22, 2016

နာရီပိုင်းအတွင်း ဘယ်လ်ဂျီယံမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွား

လေဆိပ်မှာ ပေါက်ကွဲပြီး မကြာမီမှာပဲ ရထားဘူတာမှာ ထပ်ပေါက်ပြန်ပါပြီ။
play

ဘရပ်ဆဲလ်မြို့က လေဆိပ်မှာ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ နောက်ထပ် ပေါက်ကွဲမှုတစ်ခု ဆက်လက် ဖြစ်ပွားပြန်ပါပြီ။
play

တတိယမြောက် ဗုံးပေါက်ကွဲမှုဟာ မောလ်ဘိခ် မက်ထရို ရထားဘူတာမှာ ဖြစ်ပွားခဲ့တာပါ။ ဘူတာပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
play

တစ်မနက်တည်းမှာတင် ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတဲ့ ဘရပ်ဆဲလ်မြို့ကို အာဏာပိုင်တွေက အရေးပေါ် အခြေအနေ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
play

လေဆိပ်ပေါက်ကွဲမှုကြောင့်လည်း ၁၃ ဦး သေဆုံးပြီး အယောက် ၃၀ ခန့် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ လေယာဉ် အတက်၊ အဆင်း အားလုံးကို ရပ်တန့်လိုက်ရပြီး အဆင်းလေယာဉ်တွေအားလုံး လမ်းကြောင်းပြောင်းသွားကြပါပြီ။
play

ဘူတာပေါက်ကွဲမှုကြောင့် ရထားခရီးစဉ်အားလုံးကိုလည်း ကုမ္ပဏီတွေက ရပ်ဆိုင်းလိုက်ရပါတယ်။
Source : Telegraph

No comments:

Post a Comment