လစာတွေတိုးတော့မယ်တဲ့
နိုင်ငံ့ဝန်ထမ်း(အစိုးရဝန်ထမ်း/ ပြည်သူ့ဝန်ထမ်း)
မဟုတ်တော့ပေမဲ့ မုဒိတာပွားမိပါတယ်
သူတို့ကိုယ်စားလည်းဝမ်းမြောက်မိပါတယ်
ဒါပေမဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်က
ဝန်ထမ်းလစာတိုးတော့မဲ့အသံလည်းကြားရော
TV ဖန်သားပြင်မှာရော ဂျာနယ်တွေမှာရော
မီဒီယာတွေက နယ်ပယ်အသီးသီးက အခြေခံ
လူတန်းစားတွေကို လိုက်ပြီးဗျူးလိုက်ကြတာ
ဗျူးခံရတဲ့သူတွေကလည်း လစာတိုးတာတော့ကောင်းပါတယ် ဒါပေမဲ့
ကုန်ဈေးနှုန်းတွေတက်လာမှာကြောက်တယ်
နဲ့ မသိမသာ မကောင်းတဲ့ဘက်ကို ဦးစားပေး
ပြောကြတဲ့တုန့်ပြန်မှု တွေ အသားပေးဖေါ်ပြသွားကြတယ်
အင်းအခုတော့ မီဒီယာတွေဘယ်ရောက်နေကြပါကုန်လိမ့်?
No comments:
Post a Comment