မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 3, 2016
ချောင်းသာတွင် လေအားလျှပ်စစ်စီမံကိန်း တရုတ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ
ချောင်းသာတွင် လေအားလျှပ်စစ်စီမံကိန်း တရုတ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ
Thursday, March 3, 2016
တရုတ်အစိုးရပိုင် ChinaThree Gorges(CTG)ကော်ပိုရေး ရှင်းက ဧရာဝတီတိုင်းဒေသကြီး ချောင်းသာဒေသတွင် လေစွမ်း အင်သုံး လျှပ်စစ်စီမံကိန်းလုပ် ကိုင်ခွင့်ရရှိခဲ့သည်။မဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင် မည့် စီမံကိန်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ် Three Gorges ကော်ပိုရေးရှင်းတို့ သ ဘောတူညီမှုစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း အစိုးရက သ တင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က တိုင်းဒေသကြီးအစိုးရထံ တင်ပြခဲ့သည့် စီမံကိန်းဖြစ်ပြီး ပထမအကြိမ်စမ်း သပ်လေ့လာဖူးကြောင်းနှင့် ထိုစမ်း သပ်ချက် မအောင်မြင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး စက်မှု နှင့် လျှပ်စစ်ဝန်ကြီး ဦးစောမြသိန်း က ပြောသည်။
‘‘အခု အစိုးရနဲ့တော့ လုပ်နိုင် တော့မှာမဟုတ်ဘူး။ နောက်အစိုး ရလက်ထက်ကျမှ အကောင်အ ထည်ဖော်နိုင်မယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိကုမ္ပဏီလုပ်ကိုင်ခွင့် အဆင့်သည် စမ်းသပ်သည့်ကာလသာဖြစ်ပြီး ကုမ္ပဏီဘက်က အစိုးရ အပြောင်းအလဲအပေါ် ကြည့်ပြီးမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ် နိုင်ကြောင်း၊ ဧရာဝတီတိုင်းအနေ ဖြင့် လျှပ်စစ်ဓာတ်အား လိုအပ် ချက်မြင့်သဖြင့် ထိုသို့စီမံကိန်းများ များ လိုအပ်ကြောင်း ဦးစောမြ သိန်းက ဆိုသည်။
CTG ကော်ပိုရေးရှင်းသည် ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီ ကြီးဖြစ်ပြီး အဓိကအားဖြင့် ရေ အားလျှပ်စစ် တည်ဆောက်နေ သည့် ကုမ္ပဏီဖြစ်သည်။ တရုတ် နိုင်ငံရှိ နာမည်ကျော် Three Gorges ဆည်ကို တည်ဆောက်ခဲ့ သည့် ကုမ္ပဏီဖြစ်သည်။ ယင်းကုမ္ပ ဏီက ၂၀၁၄ အထိ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၄၆,၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ အဆိုပါကော်ပိုရေးရှင်းသည် ၂၀၁၄ မှစ၍ လေစွမ်းအင်နှင့် နေစွမ်းအင် တို့မှ လျှပ်စစ်ထုတ်လုပ်ရန် စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရုတ် ကုမ္ပဏီ သည် ၂၀၁၃ နှစ်ကုန်မှစ၍ နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် စွမ်းအင်ထုတ်လုပ်မှုအတွက် စတင်ရင်းနှီး မြှုပ်နှံလာခြင်းဖြစ်သည်။
ထို့ပြင် ဒိန်းမတ်အခြေစိုက် နည်းပညာကုမ္ပဏီ Vestas နှင့် ပြည်တွင်းကုမ္ပဏီ Zeya & Asso-ciates တို့ ပူးပေါင်း၍ မွန်ပြည်နယ် ၌ လေအားလျှပ်စစ်မှ တစ်ဆင့် ၃၂ မဂ္ဂါဝပ်ထုတ်လုပ်ရန် နှစ်ဖက် ကုမ္ပဏီများက ၂၀၁၅ ဇွန်လတွင်းနားလည်မှု စာချွန်လွှာ လက် မှတ် ရေးထိုးခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။
7Day Daily
No comments:
Post a Comment